အပိုင်း(၁)

539 16 0
                                    


"အတန်းတက်ရမှာပဲ မေ့နေလိုက်တာ"အိပ်ချင်မူးတူးအသံဖြင့် နာရီကိုကြည့်ကာပြောလိုက်သူမှာ "ပိုးမြတ်အိန္ဒြေထွန်း"
အိန္ဒြေသည် sat,sunတိုင်းတက်နေကျ IELTS classကိုမေ့နေခြင်းဖြစ်သည်။မမေ့တတ်သူကမေ့နေခြင်း‌ေကြာင့်စိတ်ပျက်မိသလို ပို၍စိတ်ပျက်မိသည်က မအေးပဲပူနေသည့်ရန်ကုန်ဆောင်းကြောင့်။

အိန္ဒြေသည် နာမည်ကသာမိန်းမဆန်သော်လည်းအရပ်ရှည်၍ တခါတလေယောက်ျားလေးဆန်သောပုံစံရှိသဖြင့်ကြည့် ကောင်းသည်။အရပ်ရှည်ခြင်းသည်မျိုးရိုးကြောင့်လည်းပါမည်ထင်။

"ဆင်းလာပြီလား သမီးငယ်"

အောက်ထပ်သို့ဆင်းလာသည်နှင့် ကြားလိုက်ရသည်က အိန္ဒြေပါပါး
ဦးထိုက်စံထွန်း၏အသံ။

ပါပါးသည်သတင်းစာဖတ်နေရင်းမျက်နေရင်မျက်လုံးကိုပင့်ကားမေသူ့ကိုလိုက်ခြင်းဖြစ်သည်။ထိုအချိန် အိန္ဒြေ့မာမား ဒေါ်သိမ့်အိ‌‌န္ဒြေအောင်က နောက်ဖေးမှထွက်လာကာပြောတော့သည်။

"ဒီနေ့ ဒင်းဆမ်း လုပ်ထားတယ် အိန္ဒြေမာမားနဲ့ရှင်းရှင်းအတူလုပ်ထားတာ"

"အာဟုတ်လား ဒင်းဆမ်းက အိန္ဒြေအကြိုက်ဆုံးပဲ"

ရှင်းရှင်းဆိုသူမှာ အခြားမဟုတ် အိန္ဒြေတို့အိမ်တွင်အလုပ်လုပ်သည့် ရှင်းသီတာဦးဖြစ်သည်။ရှင်းရှင်းသည်ဆယ်တန်းပြီးတာနှင့်အိ‌န္ဒြေတို့အိမ်တွင် သူ့အမေအစားလာလုပ်ခြင်းဖြစ်သည်။

"စားလေ အိန္ဒြေ ပြီးရင်အတန်းတက်ရမှာမလား"

"ဟုတ်သားပဲ မေ့နေတာမာမားရေ။"

"ငါ့သမီးကတော့လေ ဟားဟား"အိန္ဒြေ့ပါပါးက သဘောကျဟန်ဖြင့်ရီသည်။ထို့နောက် အိန္ဒြေလည်းနောက်ကျမည်စိုး၍သူေမာင်းနေကျဖြစ်သည့် Malibu Chevrolet လေးဖြင့်သာမောင်းလာခဲ့၏။သင်တန်းသို့ရောက်သည့်အခါ အတန်းစချိန်ထက်လိုသေးသည်မို့ လဝန်းနှင့်စကားပြောနေသည်။လဝန်းဆိုသည်မှာ အိန္ဒြေနှင့်အလယ်တန်းခဲ့က ခင်ခဲ့သည့် လဝန်းရှင် ပင်။‌လဝန်းသည် အိန္ဒြေနှင့်ယှဉ်လျှင် ပုပေမဲ့အရမ်းတော့လူကောင်မသေး။

"စစ်ညီတို့ကော ဝန်း"

"ငါနဲ့ရှုံးလို့မုန့်ဝယ်ခိုင်းထားတယ် စုကတော့ မလာတော့ဘူးတဲ့"

Winter and HerWhere stories live. Discover now