အပိုင်း(၉)

97 6 0
                                    

Unicode

#စာမစစ်ထားပါ

ရင်ထဲတွင်ဟာတာတာနှင့် နေ့တနေ့ကိုစရပြန်ပါသည်။ဤသို့ဟာတာတာဖြစ်နေသည်မှာ လွန်ခဲ့တဲ့နှစ်ရက် သွင်နှင့်စကားပြောပြီးကတည်းက။ထိုအမျိုးသမီးအားပိုင်ဆိူင်ရသူသည်သိပ်ကံကောင်းပါသည်။သူမဟုတ်ပေမဲ့လည်းပေါ့။
ဒီလိုအချိန်တွေဆို ဘိုးဘိုးဆီအလည်သွားချင်ပါသည်။သင်တန်းအားမှမာမားကိုပြောပြီးသွားရဦးမည်။

‌ဗီဗီ့ကိုအတင်းဝယ်ထားတာကြောင့် အိန္ဒြေအိမ်အလုပ်တလ
လုပ်ရမည်ဖြစ်သည်။မနက်ဆိုလည်း မာမားက(၅)နာရီ
တည်းကထခိုင်းသည်။မိုးလင်းသည်နှင့် မနက်စာကောနေ့
လည်စာပါတခါတည်းချက်ရသည်မို့ အိမ်ပြင်တောင်မ
ထွက်နိုင်။ဗီဗီ့ကိုကာကွယ်ဆေးထိုးတဲ့အချိန်သာထွက်ရ
သည်။ကြားထဲ အလုပ်လုပ်ရင်ပြုံးပြုံးလေးလုပ်ရမယ်ဆိုလို့ ပါးစပ်ကြီးကိုဖြဲပြီးပြုံးထားရသေးသည်။အခုလည်း ဟင်းချက်ခိုင်းထားလို့မီးဖိုချောင်ထဲရောက်နေသည်။မာမားက ခွေးမချစ်ဘူးပြောပေမဲ့ ဗီဗီရောက်ပြီးနှစ်ရက်လောက်တည်းက လက်ထဲကကိုမချတော့။ခွေးပိုင်ရှင်ကအိန္ဒြေလား သူလားတောင်မသဲကွဲပေ။

"Ring....ring....ring"
မြည်လာသည့်ဖုန်းအသံ
ဖုန်းကိုကြည့်လိုက်တော့ contactက "La Woon"
"ပြော ဘာလဲ မအားဘူး"
"အပြင်သွားမယ် ရုပ်ရှင်ကြည့်မယ် မုန့်စားမယ် ဈေးဝယ်မယ်"
လဝန်းကအမြဲတမ်းအဲ့သည်လိုပါ။ဖုန်းကိုင်ပြီဆိုတာ‌နဲ့သူလုပ်ချင်တာတွေပဲတရစပ်ပြောတတ်သည်။
"မာမားကမသွားခိုင်းဘူး"
"မရဘူး သွားမယ်လာ အန်တီ့ကိုပြောပေးမယ်ဟာ"
"လာခေါ်‌လေ"
"အေးပြီးရောအဆင်သင့်ပြင်ထား အော်မမသွင်ပါတယ်နော်"
"လဝန်း နင်သိရဲ့သားနဲ့ဟာ"
"ငါမေ့သွားလို့ ဆောရီး ဒီတခါတော့လာပါဟာ နော်နော်"
"အေးအေး"
သက်ပြင်းတချက်ချပြီးဖုန်းကိုချလိုက်သည်။လာမည်ပြောထားတာကြောင့်မသွားလို့လည်းမဖြစ်။

အိန္ဒြေ သွင့်ကိုသဘောကျနေတာကိုခရီးသွားတည်းက လဝန်းကရိပ်မိသွားတာကြောင့် အကုန်ပြောပြရသည်။
ဟိုနေ့ကဖြစ်တဲ့အကြောင်းလည်းပြောပြထားသည်။မပြောရင်လည်းမယ်မင်းကြီးမက ‌အကုန်သိအောင်လုပ်မယ်ဟုခြိမ်းခြောက်သည်။
တွေ့ချင်စိတ်မရှိသေးတာကိုလဝန်းကခေါ်လိုက်တဲ့အတွက် နည်းနည်းတော့စိတ်ဆိုးမိသည်။

Winter and HerTempat cerita menjadi hidup. Temukan sekarang