အပိုင်း(၄)

88 8 0
                                    

မိနစ်တွေ၊နာရီတွေ၊ရက်တွေဖြင့်တရွေ့ရွေ့နှင့် ကုန်ဆုံး လာလိုက်သည်မှာ ခရီးသွားကြမဲ့ ရက်သို့ပင်ရောက်လာခဲ့ပြီဖြစ်သည်။

"ဟဲလို"

"ဘယ်သူလဲ လူအိပ်ချိန်လေမသိဘူးလား"

"နင့်အမေချစ်စု ဘာကိုလူအိပ်ချိန်ဟုတ်လား 8:30နေပြီ ပြီးခရီးသွားရမှာလေ လဝန်းရှင်ရယ်"

"ဟမ် အေးဟုတ်သားပဲလာပြီလာပြီ ခဏနော်"

"@$+#+ ကိုလာနော်"

"အေးအေး"

တီခနဲ ဖုန်းချလိုက်သည့်အသံကြားတော့မှအိန္ဒြေကမေးသည်။

"ဘာတဲ့လဲ စု"

"အိပ်နေတာ ငါခေါ်မှနိုးတယ် စိတ်ညစ်တယ်အိန္ဒြေရယ်"

ချစ်စု၏အသံမှာတကယ်စိတ်ညစ်နေသည့်လေသံ။
လဝန်းကလည်းနမော်နမဲ့နဲ့ ဒီနေ့ကျမှအိပ်နေရသလား။

"ရပါတယ် နည်းနည်းနောက်ကျလည်း"

"မိုးချုပ်မှာဆိုးလို့ အော်မမသွင်လာပြီ"

ချစ်စုစကားမဆုံးခင်မှာပဲ ရောက်လာတဲ့သွင်။
သွင်သည် ဒီနေ့ကျ အနီရောင် ဘလောက်စ်အင်္ကျီလက်ရှည်နှင့် သူဝတ်နေကျမဟုတ်သော အောက်အနည်းငယ်ကားကာ ဘေးသို့ခွဲထားသည့် စတိုင်ဘောင်းဘီ အနက်ကိုဝတ်ထားပြီး အရမ်းမမြင့်သည့်ဖိနပ် အညိုရောင်လေးကိုသာစီးထားသည်။
ဖိနပ်ကြောင့် အိန္ဒြေ၏အရပ်ထက်နည်းနည်းသာနိမ့်သည်။ထို့နောက်ပုံမှန်ထက်မတူပဲ လုံးဝ ဖြောင့်နေသည့် ဆံပင် အနည်းငယ်ကိုနောက်သို့စု၍စည်းထားသည်။ထူးဆန်သည်ကား သွင်၏ဆံပင်။

သွင်၏ ဆံပင်သည်အညိုမဟုတ်တော့။အနက်ရောင်ဖြစ်လို့နေသည် အညိုရောင်ဆံပင်သည်ဆေးဆိုးထားသည်လား သို့မဟုတ် အမဲရောင်ဆိုးလိုက်သည်လား အိန္ဒြေသိချင်မိသည်။

ဘာပဲဖြစ်ဖြစ်လေ သွင်ဟာအမြဲတမ်းတော့လှနေတာပဲ ကုန်ကုန်ပြောရရင် ညဝတ်အင်္ကျီနဲ့တောင်လှနေမှာလေ။

"ဆံပင်က ပုံမှန်အနက်ရောင်ပါ"

"ဟင်"

"အော် မင်းကကြည့်နေလို့လေ အိန္ဒြေ"

ရောက်လာတည်းက ဆံပင်ကိုကြည့်နေမိသည့်အိန္ဒြေ့မျက်လံုးများကို သတိထားမိသွားပုံရပြီး မျက်ခုံးလေးပင့်ကာပြောလိုက်သည့်သွင်။အမှန်တော့ဆံပင်တင်မဟုတ် ခေါင်းအစခြေအဆုံးလိုက်ကြည့်မိသည်။

Winter and HerWhere stories live. Discover now