အပိုင်း(၈)

95 4 1
                                    


"ပါပါး ခွေးဝယ်ပေးခွေးလိုချင်တယ်"
"ငယ်လေးမာမားကိုသွားမေး။သိမ့်ရေ"
"ဘာတုန်း"
ပါပါးက စာရင်းတွေစစ်ရင်း မာမားကိုလှမ်းအော်
လိုက်တော့မာမားကလည်း ယောင်းမတန်းလန်းနဲ့နောက်ဖေးကနေထွက်လာသည်။
"ကဲပြော ဒီသားအဖတွေ"
"မင်းသမီး ခွေးလိုချင်လို့တဲ့"
"ကျွန်မသမီးဆိုတော့ရှင့်သမီးမဟုတ်ဘူးလား"
"အော် သိမ့်ကလည်း လိုက်ကပ်နေတယ်"
"တွေ့လား သမီးငယ် ရှင့်ပါပါးကငြိုငြင်နေပြီ"
ပါပါးက မျက်မှန်ကိုပင့်ပြီးလှမ်းကြည့်ကာမဲ့ရွဲ့ပြသည်။ထိုသို့လှမ်းကြည့်တော့ မာမားကပါပါးကိုလက်ထဲကယောင်းမနဲ့ ဒေါင် ကနဲမြည်အောင်ခေါက်သည်။
"မသိဘူး မသိဘူးခွေးဝယ်ပေးလို့ ကောင်းဆက်‌ခွေးလေးကြည့်ပါလားချစ်စရာလေး"
အိန္ဒြေက ဖုန်းကိုထောင်ပြီး မက်ဆင်ဂျာတွင်ကောင်းဆက်ပို့ထားတဲ့ခွေးလေးကိုပြသည်။
"ဘာခွေးတုန်း နင်ပြီးရင်အိမ်ကပ်တာလည်းမဟုတ်ဘူး
မဝယ်ပေးဘူးသွား"
"မာမားကလည်း အိမ်ကပ်မယ်လေ"
"အဲ့ခွေး ချီးနင်ကျုံးမှာလား အငယ်မ ဆူညံနေတာပဲ"
မမ ကအိမ်ပေါ်ထပ်ကနေဆင်းလာပြီးပြောသည်။ဆင်းလာတာနဲ့အိန္ဒြေလက်မောင်းကိုရိုက်သည်။မမဟာအဲ့သလိုလက်သံပြောင်တဲ့လူ။
"ကျုံးမယ် အကုန်ကျုံးမယ် ဝယ်ပေးလို့မာမားကလည်း"
"အိမ်အလုပ် တလလုပ် ရှင်းရှင်းကိုဟင်းချက်တာကူ"

အိမ်ဖုန်သုတ်နေတဲ့ရှင်းရှင်းကပါ မျက်ခုံးပင့်ပြီး "ခံပေရော့"ဆိုသည့်သဘောဖြင့်ကြည့်သည်။

"ပြီးရောပြီးရော လုပ်မယ်"
"ပြုံးပြုံးလေး လုပ်ရမှာနော် အဟင်း.....ဟင်းခုလို မျက်ခုံးကိုလာတွန့်ပြမနေနဲ့"
"ရတယ်လုပ်မယ် အိန္ဒြေပါ ဟဲဟဲ"
"သနားလိုက်တာ ငါ့ညီမရယ် ခွေးချီးလည်းကျုံးရဦးမယ်
ကျွတ်ကျွတ်"
မမက သရော်သည့်အသံဖြင့်သနားချင်ယောင်ဆောင်ပြီးခေါင်းကို ခါပြသည်။
"အကြီးမ နင်လိုက်ဝယ်ပေးလိုက်သွား အေးနင်တို့ခွေးကိစ္စနင်တို့ဘာသာလုပ်ကြနော် ငါတော့မထိန်းနိုင်ဘူး"
"မေမေကလည်း"
အိန္ဒြေက မာမားပါပါးဟုခေါ်ပေမဲ့ သာယာ ကတော့မေမေဖေဖေသာခေါ်သည်။
"သွားသွား ငါခေါက်လိုက်မယ် နင့်အဖေရောနင်တို့ရောခေါက်ချင်နေပြီ"
"သိမ့်ရယ် ကိုယ့်ကိုသနားပါဦး ခုနကလည်း တ..တချက်"
"တော်တန်တိတ်"
မာမား၏ တော်တန်တိတ်ဆိုလျှင် တအိမ်လုံးငြိမ်ကြရသည်။တခါတလေ အဘွားအိမ်လာနေရင်တောင်မှကြောက်ရသည်။
"သွားမယ် မမလာလာ"
"နေဦးဟဲ့ အင်္ကျီလဲဦးမယ် နင်ရောမလဲဘူးလား အမလေးတီရှပ်နဲ့ ဂျေဂျေဘောင်းဘီနဲ့"
"မလဲတော့ဘူး မြန်မြန်သာလုပ်ပါ မမရာ"

Winter and HerWhere stories live. Discover now