အပိုင်း(၅)

92 6 0
                                    

Unicode

~ပုံပြင်လေးလို ဒဏ္ဏာရီတခုလို
ရင်ခုန်ခြင်းများ....ရှင်သန်ခြင်းအစ။~
အိန္ဒြေရေဒီယိုမှလာနေသည့် accident ကိုသာဖွဖွလေးလိုက်ညည်းနေမိသည်။တိုက်တိုက်ဆိုင်ဆိုင်ပင် သွင်လည်းနိုးလာသည်။
"ဆောရီးနော် နိုးသွားတာလား"
"မဟုတ်ပါဘူးဆက်ဆိုပါနော်" အိပ်ချင်မူးတူးပုံစံလေးဖြင့် ပြုံးကာပြောလိုက်သည့်သွင်ကြောင့်အိန္ဒြေသဘောကျရပြန်ပြီလေ။သီချင်းသံကတော့ဆက်လာနေဆဲ
~ချစ်တတ်လွန်းသူ မင်းနဲ့ မချစ်ရက်တော့သူတစ်ဦး‌
ကော်ရစ်ဒါမှာဝင်တိုက်တဲ့ အခန်းရိုက်ဖူး~
"ဗိုက်ဆာပြီလား သွင်"
"နည်းနည်း"
နောက်မှာထိုင်နေတဲ့ကောင်းဆက်က headphones ကိုဖြုတ်ပြီး
"ငါလည်းဆာတယ်"
အိန္ဒြေ ကားထဲကနာရီကိုကြည့်လိုက်တော့ ၁၁နာရီပင် ခွဲတော့မည်ဖြစ်တာကြောင့်မင်းစားချိန်ရောက်လို့နေပြီဖြစ်သည်။
"အင်းဒါဆို ဆိုင်တွေ့ရင် စားကြမယ်လေ"
"အိုကေ"
"ကောင်းပါပြီရှင်"
ကားထဲ၌အိန္ဒြေတို့သုံးယောက်သာစကားပြောကြသည်။ဟိုသုံးယောက်ကတော့ အိပ်နေကြတာများ ဟောက်တောင်နေပြီ
နည်းနည်းဆက်သွားလိုက်တော့ ထမင်းဆိုင်လေးတဆိုင်ကိုတွေ့သည်။

"အဲ့မှာစားကြမလား"
"ငါကရတယ် အိန္ဒြေ"
"တို့လည်းရတယ်နော် စိတ်မပူနဲ့"
"ဟုတ်ကဲ့ပါ ဟိုဟာတွေကိုနှိုးလိုက်ဦး ကောင်းဆက်"
အိန္ဒြေ့စကားဆုံးသည်နှင့်ကောင်းဆက်သည် လဝန်း၊ချစ်စုနှင့်စစ်ညီတို့ကို တလှည့်စီရိုက်၍နှိုးသည်၊သူတို့ထလာတော့ ကောင်းဆက်ကိုဝိုင်းပြောကြသည်။
သွင်ကတော့ရယ်နေသည်။အမြဲသတ်နေကြတဲ့ သူတို့အဖွဲ့ကိုကြည့်ပြီးအိန္ဒြေလည်း စိတ်ညစ်ရမလို ရယ်ရမလို။
တခါတရံစိတ်ညစ်ပေမဲ့ ပျော်ဖို့တော့ကောင်းပါသည်။
~~~
ထို့နောက်ဆိုင်ထဲသို့ဝင်ထိုင်ကြတော့သည်။
ဆိုင်အပြင်အဆင်ကရိုးရှင်းပါသည်။အရမ်းကြီးကောင်းသည်လည်းမဟုတ်၊ဆိုးသည်လည်းမဟုတ်၊သပ်သပ်ရပ်ရပ်ဖြင့် သာမန်ဆိုင်လေးတစ်ဆိုင်သာ။ကော်ထိုင်ခုံလေးတွေနှင့်ထမင်းဆိုင်လေး။
ဆိုင်ထဲတွင်၂ဝိုင်းလောက်သာရှိသည်။
အမြန်လမ်းပေါ်ကဆိုင်ဖြစ်သည်ကြောင့်လားတော့မသိ။‌ သူတို့ထိုင်ပြီးတော့ ချက်ချင်းပင်စားပွဲထိုးကောင်မလေးကရောက်လာသည်။

Winter and HerWhere stories live. Discover now