အပိုင်း ၁၅

88 6 0
                                    

(အပြင်လောကနှင့်တူညီမှုရှိမည်မဟုတ်ပါစိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။အမှားပါသွားနိုင်တာမလို့ ကြိုပြီးတောင်းပန်ပါရစေ။)

ဂျင်းပဲန်အပွနဲ့တီရှပ်အဖြူကိုအရင်ဝတ်လိုက်သည်။ထို့နောက်တီရှပ်ကို ပဲန်ထဲသို့ထည့်ကာအပေါ်မှ အဝါနုရောင်ရှပ်အင်္ကျီလေးထပ်ဝတ်လိုက်သည်။
ဆင်းလာတော့ သွင်ကရောက်နေလို့ ဧည့်ခန်းထဲထိုင်နေသည်။မာမားတို့ကလည်းအလုပ်မသွားသေးတာမို့စကားပြောနေကြဟန်။

"ဟော...လာပါပြီ။ခရီးသွားမဲ့သူကလည်းတအားကြာ"

မာမားကသူ့အကျင့်အတိုင်းပွစိပွစိပြောတော့သည်။ဒီတခါတော့စကားရည်လုနေရင်ပုံမှန်ထက်နောက်ကျတော့မည်။ခုတောင်နောက်ကျနေပြီ။

သွင်ကတော့ ဘောင်းဘီနှင့်အင်္ကျီကို သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ပိုးသားလေးအား ချစ်စရာလေးဟု နှုတ်ခမ်းလှုပ်ရုံမျှပြောလိုက်သည်။

"ပါပါးနဲ့မာမားဂရုစိုက်နော်"

"အောင်မလေး။ငါ့မှာဂရုစိုက်ပေးမဲ့နင့်အဖေတစ်ယောက်လုံးရှိတယ်သွားမှာဖြင့်သွား"

"အိုခေပါ"

မာမားစကားကိုကြားတော့ မမက သွားဖြဲပြသည်။ပါပါးကတော့ပြုံးပြီသာအိန္ဒြေ့ကိုလက်ပြသည်။

သွင်နဲ့ကဒုတိယတခါခရီးသွားတာပေမဲ့ ခံစားချက်ကမတူ။
အခုတစ်ခေါက်သာချစ်သူအနေနဲ့သွားရခြင်းကြောင့် ပုံမှန်ထက်စိတ်လှုပ်ရှားမိသည်။

"ဘယ်သွားရမှာလဲ"

အိန္ဒြေကားပေါ်ရောက်တာနဲမေးတော့တုန့်ဆိုင်းနေခြင်းမရှိချက်ချင်းပြန်ဖြေသည်။

"သထုံ ကို။ကားမောင်းလို့ဖြစ်လို့လား"

"အေးဆေးပါ။ကလောတောင်မောင်းလာတာ"

"ဟုတ်ပါပြီ။အရမ်းချစ်ဖို့ကောင်းနေတာနော် ဒီနေ့"

"ဒီနေ့မှလား အစတည်းကမဟုတ်ဘူးလား"

"ပြောရဲဆိုရဲ ရပ်ကွက်ကထင်တယ်နော်"

စကားဆုံးသည့်နောက်တော့ အိန္ဒြေက သွင့်လက်ဖမိုးကို
ရွတ်ခနဲနမ်းသည်။အိန္ဒြေက စကားမပြောပဲငြိမ်နေရင်တောင် တွေ့သည့်တရက်တခါကတော့ လက်ဖမိုးကိုနမ်းတတ်သည်။သွင်ကအခုတော့သူများမြင်မှာစိုး၍ထင်သည်။လက်ကိုရုတ်လိုက်သည်။ကားကလည်းမထွက်ရသေးပဲအိမ်ရှေ့မှာရပ်ထားတာကြောင့်ထင်၏။

Winter and HerWhere stories live. Discover now