အပိုင်း(၇)

76 5 1
                                    

Unicode

ဆောင်းတွင်းရဲ့ နှင်းမြို့တော်တွင်နှင်းမှုန်ဖွေးဖွေးဟာခပ်
ကျဲကျဲကျလို့နေ၏။
အချိန်အားဖြင့် (၆)နာရီ ဖြစ်ပြီးဆောင်းမနက်ခင်းစောစော
ဖြစ်သည်မို့အချမ်းစွာသွားလာလှုပ်ရှားကြသည်။
‌အိန္ဒြေ တို့အခန်းကတော့ဂယက်တွေထမြဲ။

"ချစ်စုရေ ထပါတော့ မူးပြီးအိပ်နေ‌လိုက်တာများ သူများတွေအကုန်ရေချိုးပြီးပြီ"
"ထပါပြီဟယ် လာမရိုက်နံ့လို့ပြောထားတာကို"
အမူးလွန်၍အိပ်နေသောချစ်စုအား လဝန်းကတဘုန်းဘုန်း
ရိုက်ပြီးနှိုးတယ်။ချစ်စုကအဲ့လိုပဲ အမူးလွယ်သည်ပြီးရင်
လဲမထတော့ဘူးခုတောင်မနည်းရိုက်ပုတ်နေရသည််။ရိုက်
ရင်လည်းမကြိုက်ပြန် မျက်ခုံးကိုတွန့်ချိုးကာ နှုတ်ခမ်းကြီး
ဆူနေတတ်သည်။သွင်ကတော့ ရေချိုးနေတုန်း။ကျန်တဲ့သူ
တွေကတော့ အထုပ်တွေပြန်စစ်နေတယ်။

"အထုပ်တွေငါတို့ကားထဲသွားထည့်လိုက်မယ်"
"အေး"
"အိန္ဒြေလိုက်ခဲ့လေ"
"အေးအေး ပြီးရင် မနက်စာစားဖို့လာခဲ့နော်"
ကောင်းဆက်နဲ့စစ်ညီက အိန္ဒြေ့ကိုပါအထုပ်မဖို့တခါတည်းခေါ်သွားတယ်။
နောက်တော့သူတို့ မနက်စာစားဖို့စောင့်ကြသည်။
"ဟေ့ကောင် အဲ့တာဖြူမလား"
"အေးဟ သူမှသူ"
စစ်ညီက ဟိုတယ်မန်နေဂျာနှင့်အတူထွက်လာသည့်မိန်းကလေးအားလှမ်းကြည့်ပြီးပြောသည်။
"အိန္ဒြေ ဟိုမှာ"
စစ်ညီက ကျောပေးထားသည့်အိန္ဒြေ့ကိုထိုမိန်းက‌ေလးအားလက်ညှိုးထိုးကာညွှန်ပြသည်ကြောင့် အိန္ဒြေလည်းလှည့်ကြည့်လိုက်သည်။
"ဖြူ!"
ထိုမိန်းကလေးကလည်းတွေ့သွားသည့်ဟန်။သို့သော် အိန္ဒြေတို့ကို တချက်လှည့်ကြည့်ပြီးမျက်နှာလွှဲကာဆန့်ကျင်ဘက်အရပ်သို့ထွက်သွားသည်။
"ဖြူ လို့ခေါ်သံကြားသလိုပဲ"
"ဖြူ့ကိုခေါ်တာမဟုတ်ပါဘူး နာမည်တူတာထင်တယ်"
ထိုမိန်းကလေးကား "အင်ကြင်းဖြူ"။ယခင်ကအိန္ဒြေတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းထဲကတစ်ယောက်ပေမဲ့ နောက်ပိုင်းကျအကြောင်းအမျိုးမျိုးကြောင့် မခေါ်ကြတော့ပေ။လူ‌တွေကသည်လိုပါပဲ ဝင်လာပြီးရင်ထွက်သွားတတ်ကြသည်မလား။ချက်ချင်းပင် လဝန်းတို့သုံးယောက်သားဆင်းလာကြသည်။
"ဟိုမှာ ဖြူ မလား"
"အင်း"
"အေးကွာ ငါတို့ကိုတောင်မခေါ်တော့ဘူးလေ မာနခေါင်ခိုက်နေတယ်"
အိန္ဒြေမျက်နှာတချက်ပျက်သွားသည်။သွင်ကတော့ဘာမှမသိသည်မို့ လက်ကိုင်အိတ်လေးကိုင်ကာရပ်ကြည့်နေသည်သူမတို့မနက်စာစားကြပြီးတောင်ကြီးကိုဆက်သွားကြသည်။တောင်ကြီးရောက်တော့ အထင်ကရနေရာတွေကိုသွားလည်ကြသည်။နောက်တော့အင်းလေးကိုဆက်သွားကြတယ်။အင်းလှမှာ စက်လှေစီးတော့ အရှိန်နဲ့ဆံပင်တွေကိုလန်လို့။တစ်ယောက်ကတော့ အမြဲလှနေတာပါပဲလေ ထမင်းစားတာအစ အိပ်တာအဆုံးကိုလှနေတော့တာ။အင်းလေးက ဖောင်တော်ဦးဘုရားလည်းဖူးကြသည်။

Winter and HerWhere stories live. Discover now