အပိုင်း(၂)

222 7 0
                                    

"Baby, you light up my world
like nobody else"one direction သီချင်းလေးညည်းပြီး
အိန္ဒြေအိမ်ထဲ ကြည်ကြည်လင်လင်ဝင်လာပေမဲ့ သူ့မာမားပြောလိုက်တဲ့စကားကြောင့်တချက်မျက်နှာပျက်သွားတယ်

"သမီး အစ်မ ကနေဒါကနေလက်ဆောင်တွေပို့လိုက်တယ်တဲ့"

အိန္ဒြေနှင့်သူ့အစ်မ"သိမ့်သာယာထွန်း"သည်အကျောမတည့် အရင်ကတော့တည့်ပေမဲ့ လွန်ခဲ့တဲ့တနှစ်က အိန္ဒြေကသူနေမကောင်းတုန်း ကနေဒါ ကိုပြန်မသွားပါနဲ့ဆိုတာကို ဇွတ်သွားခဲ့လို့ဖြစ်သည်။ခုထိလည်းစကားမပြော အိန္ဒြေသည်ထိုသို့အမှတ်သည်းခြေကြီးတတ်သူတစ်ယောက်။

"မာမားပဲယူလိုက်တော့နော် အိန္ဒြေပင်ပန်းနေပြီ နားတော့မယ်"

"ပြေလည်လိုက်ပါလားသမီးရယ် ညီအကိုမောင်နှမဆိုတာ အမှတ်သည်းခြေမထားရဘူးကွဲ့"

မာမားစကားကိုအမြဲနားထောင်ပေမဲ့ ဒီတခါတော့အိန္ဒြေသိပ်နားမထောင်ချင်။

"ဟင့်အင်း အိန္ဒြေစကားမပြောချင်ဘူး တက်တော့မယ်နော် အော်ရှင်းရေ သံပုရာရည်လေးတခွက်လောက်"

"ဟုတ်ကဲ့ မမ"

ရှင်းကိုသံပုရာရည်မှာပြီးတာနဲ့အပေါ်ထပ်ရှိသူ့အခန်းသို့သာတက်လာပြီး ဂစ်တာတီးရင်းသီချင်းဆိုနေတယ်။

"ပန်းပွင့်ရှိမှ ရနံ့ရတာ မဟုတ်ဘူး
ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့်
နမ်းခွင့်တစ်ရှိူက် ရခိုက်မှာ ထာဝရ အမြဲတည်
နှလုံးသားမှာ စွဲမြဲစွာ ထုံယစ်
ဆွတ်ပျံ့နေ ချစ်သူသိလေ"

ခင်မောင်တိုးရဲ့ ချစ်သူသိစေကိုဆိုနေတဲ့အချိန်မှာ ရှင်းအခန်းထဲဝင်လာတာနဲ့တိုးသွားတော့ရပ်လိုက်ရတယ်

"ဟာ မမအိန္ဒြေက ခင်မောင်တိုးလည်းရတာပဲလား"

"ဆိုကြည့်တာပါရှင်းရယ်"

"ကောင်းတယ်သိလား ဆက်ဆို မမအိန္ဒြေက အနုပညာဆိုအရမ်းတော်တာပဲ"

"မြှောက်နေပြန်ပြီ နင်ကတော့"

ရှင်းရှင်းကထိုသို့မြှောက်ပြောလိုက်တော့ အိန္ဒြေသဘောတော့ကျသွားသဖြင့် ပြုံးမိသွားသည်။
လူဆိုတာမြှောက်တာကိုမကြိုက်သည့်အမျိုးရှားသည်မဟုတ်လား။
ဒါပေမဲ့အိန္ဒြေ သည်တကယ်လည်းအနုပညာတွင်တော်ပါသည်။
အတော်ဆုံးကတော့ပန်းချီပေါ့ ကြားရက်တွင် သူတို့၏"ထွန်းတောက်လင်း" ကျောက်စိမ်းလုပ်ငန်းတွင် ကျောက်စိမ်း ဒီဇိုင်းများလည်းဆွဲပေးတတ်သေးသည်။

Winter and HerWhere stories live. Discover now