အပိုင်း(၁၄)

97 7 0
                                    


"ငါကြည့်တောင်မကြည့်ရဲတော့ဘူးကွာ"

"ငါကတော့အေးဆေးပဲ။ချစ်စုလွင်ပဲလေ band 6တော့ရတယ်"

ဒီနေ့က IELTS exam results ကိုကွန်ပြူတာနှင့်ကြည့်လို့ရပြီဖြစ်တာကြောင့် စစ်ညီတို့ကရင်ခုန်နေခြင်းဖြစ်သည်။ချစ်စုကလည်းအေးဆေးဟုပြောနေပေမဲ့ မျက်လုံးတွေဂနာငြိမ်မနေ။လဝန်းနဲ့ကောင်းဆက်ကတော့အသံကိုမထွက်တော့

"တူတူကြည့်ကြမယ်"

"အေး"

အကုန်လုံးကပြောကာ ကွန်ပြူတာကိုပြိုင်တူဖွင့်ကြသည်။

"တွေ့လား။ချစ်စုလွင်ပါ။7ဟ"

"ငါလည်း 7"

"ငါက 7.5"

"ငါလည်း7.5"

"ကောင်းကြီးရော"

"6.5ပဲရတယ်...အဟဲ"

ချစ်စုနဲ့စစ်ညီက7.0ရပြီးအိန္ဒြေနဲ့လဝန်းက7.5ရသည်။ကောင်းဆက်ကတော့ဖြေတုန်းက အာရုံပျံ့နေသည်ဟုဆိုသည်။

"တော်တယ်။တော်တယ်"

"ပိုးမြတ်အိန္ဒြေထွန်းပဲမလား"

"ဟုတ်ပါ့ဟုတ်ပါ့"

သွင်က'တော်တယ်'ဟုဆိုကာခေါင်းလေးကိုပွတ်သပ်ပေးသည်။နောက်တော့ဗီဗီလေးနဲ့သွားဆော့နေသည်။
သူမတို့အဖွဲ့ကတော့ထုံးစံအတိုင်း ဘာစားမလဲငြင်းနေကြဆဲ။

"ဟဲ့ကြေးအိုးလုပ်ကြစမ်းပါ"

"ဟာမစားချင်ပါဘူး။အကင်စားမယ်အကင်"

"ကော်ဖီဆိုင်ပဲသွားရအောင်"

"ကဲပါ ထစ်ခနဲရှိစားစရာလုနေတာပဲ။ဒီလိုလုပ် တို့တွေပျော်ပွဲစားထွက်ကြမလား ဆောင်းကုန်ခါနီးလေးဆိုတော့ရာသီဥတုလေးကကောင်းသလားလို့လေ"

"ဟုတ်တယ်နော်။မမသွင်ပြောတာမဆိုးဘူး"

"စားချင်တာတွေဝယ်ခဲ့လိုက်ကြ။ဒီနေ့တော့.....မင်းတို့တော်လို့မမသွင်ကဆုချမယ်လေ"

စစ်ညီတို့ကထအော်ကြသည်။သူမတို့လည်းပျော်ပွဲစားဆိုမထွက်ကြတာကြာပြီဆိုတာကြောင့်ပျော်နေကြသည်။နောက်တော့မုန့်တွေခြင်းတွေအစုံထည့်ကြသည်။

Winter and HerTempat cerita menjadi hidup. Temukan sekarang