အပိုင်း(၁၂)

99 6 0
                                    

ညတော်တော်မိုးချုပ်သည်အထိအိန္ဒြေသွင့်replyစောင့်ခဲ့ပါတယ်ဒါပေမဲ့မပြန်လာပါဘူး။အိပ်နေတာပဲဖြစ်နိုင်သည်။
ဆောင်းကအေးလာတယ်ပဲဆိုရလေမလား၊ကိုယ်လုံးထဲစိမ့်နေသည်။သူမနဲ့သွင့်ဆက်ဆံရေးသာကျဲမသွားဖို့ပဲအရေးကြီးတာမလား။

အိန္ဒြေလည်းဖုန်းပိုက်လျက်ပင်အိပ်ပျော်သွားခဲ့သည်။
ညကအိပ််လို့တော့ကောင်းခဲ့သည်။သွင့်ကိုအိပ်မက်မက်ပါသည်။သွင်ကသူမချစ်သူဖြစ်နေခဲ့သည်။
မနက်လင်းတော့ဘိုးဘိုးကတီဗီကနေတရားသံကိုဖွင့်ထားတယ်။နောက်တော့ဘုရားစင်ရှေ့မှာဘိုးဘိုးကထိုင်ပြီးပတီးစိပ်နေတယ်။ငှက်လေးရဲ့အသံပါကြားနေရသေးတယ်တကျီကျီနဲ့။
အိန္ဒြေမနက်စာကိုတော့ထုံးစံအတိုင်းလေးလေးဆိုင်မှာပဲစားလိုက်တော့သည်။

"အိန္ဒြေရေ၊ဈေးသွားမယ်"
"ဟုတ်"
"ဟိုကောင် ဘဲဥတွေဝယ်မလာနဲ့။မင့်အဖေလည်းဘဲဥရုပ်ပေါက်ပြီးအကောင်ပါပေါက်ချင်နေပြီ"
"ဘဲဥဆိုတာဘဲတစ်ကောင်လုံးလေအဖေရ။သားကအကောင်လိုက်လည်းဝယ်ကျွေးရသေးတယ်'

ဘိုးဘိုးကပုတီးစိပ်နေတာတောင်မပြောရမနေနိုင်ပြောပြန်သည်။
လေးလေးကရယ်မောပြီးပြန်ပြောသည်။ဘိုးဘိုးကပုတီးသာစိပ်မနေရင်လေးလေးခေါင်းတော့ဖုထွက်ဦးမည်။

အိန္ဒြေတီရှပ်နဲ့ဘောင်းဘီအတိုကိုပေါ့ပေါ့ပါးပါးဝတ်ပြီးလေးလေးနဲ့သန်လျင်မြို့မဈေးကိုလာလိုက်သည်။
လေးလေးတို့ကမြို့မဈေးနဲ့သိပ်မဝေးတော့သွားရလာရလွယ်တယ်လေ။ဈေးကလည်းလူလာများသည့်အချိန်မို့ကြိတ်ကြိတ်ကိုတိုးလို့။

"ဟယ်မောင်စိုး၊တူမလေးလာလည်တာလား။ကြည့်ပါဦးအရပ်ကြီးရှည်ပြီးထွားလာလိုက်တာ။အချောလေးတော့်။မှတ်မိလားအဒေါ့်ကို"

ဈေးထဲကကြက်သားသည်အဒေါ်ကြီးကအိန္ဒြေ့ကိုနှုတ်ဆက်သည်။ထိုအန်တီကြီးကအိန္ဒြေငယ်ငယ်တည်းကဈေးရောင်းနေတယ်ဆိုရမလား။ခုတော့လက်မှာရွှေတွေသီးလို့။ခုလည်းကြက်သားခုတ်ရင်းနဲ့မှပြောနေသည်။

"ဟုတ်ကြီးဒေါ်မှတ်မိတယ်"
"ဒီကလေးမလေးဟာငယ့်ငယ်ကဝကစ်ကစ်လေးခုများကျပိန်သွားတာ"
"ဟုတ်ပ။ကြီးဒေါ်ရေအဲ့တာကြောင့်များများကျွေးနေရတယ်"
"ကဲကဲရော။ပိုထည့်ပေးလိုက်တယ်သမီးအတွက်ကြက်သဲကြက်မြစ်။"
"ကျေးဇူးတင်ပါတယ်ကြီးဒေါ်"
"အေးအေး"

Winter and HerWhere stories live. Discover now