အပိုင်း(၁၆)

263 9 1
                                    

"အဲ့တာဘာကြီးလဲ အိန္ဒြေ"

"Face maskလို့ခေါ်တယ်ကိုမော်။ကပ်လိုက်ရင်အသားအရည်ကောင်းတယ် အကုန်ကပ်ကြမယ်လေ"

"အဆန်းပါလား ကပ်မယ်ကပ်မယ်"

ကိုကြီးတို့ရယ် သွင်ရယ်အိန္ဒြေရယ် ယူလာတဲ့ face maskတွေကိုကပ်နေကြသည်။ကြီးမှုန်ကတော့ ဆယ့်တစ်နာရီထိုးနေတာတောင်ဘာဇာတ်လမ်းတွေကြည့်နေလဲမသိ။

"အေးသွားတာပဲ ဟီးဟီး"

"မိုက်တယ်မလား"

"အိန္ဒြေနဲ့မှပဲဒါတွေကိုကပ်ရတော့တယ် ဟေမာန်ဆို‌ယူလာတာတောင်မဟုတ်ဘူး"

"လာပြီလာပြီ။ဟေမာန့်ကိုပဲခလုတ်တိုက်နေကြတယ်"

သွင်ကသူ့ကိုကြီးတွေနဲ့ဆို ကလေးဆန်သလိုထင်ရသည်။အသံကအစပြောင်းနေ၏။တင်းမာမာအသံဟာနူးညံ့နေသည်။

"အမေ့ ကပ်ပေးရအောင်"

"ဟုတ်သားပဲကြီးမှုန်ဆီသွားရအောင်"

ကြီးမှုန်ရှိတဲ့အပေါ်ထပ်ကိုတက်လာတော့ ခေါင်းကြီးစောင်းပြီးအိပ်ငိုက်နေသည်။တီဗီကသရဲကားလာ‌ေနသည်ထင်သည်။အမေလို့ ကိုကျော်ကလှမ်းခေါ်လိုက်၏။

"ဟီးဟီးအမေ"

"အောင်မလေး ရုပ်ရှင်ထဲကသရဲလေးကောင်ထွက်လာတယ် လာကြပါဦးတော်"

ကြီးမှုန်က မျက်လုံးဖွင့်တာနဲ့တန်းအော်သည်။face maskတွေကြောင့်ဖြစ်မည်။ဖြူဖြူကြီးဆိုတော့ရုတ်တရက်ဆိုသရဲနဲ့တူသည်။ကိုကျော်က ကြီးမှုန်အော်တာနဲ့ပုဆိုးကိုမပြီးအပြေးသွားသည်။

"အမေ အမေ"

"အီးဟီး မလာနဲ့မလာနဲ့ ကယ်ကြပါဦးသရဲကငါ့ကိုအမေတဲ့ ငါနင်တို့အမေမဟုတ်ဘူးအီးဟီး"

ကိုမော်ကပါပြေးသွားတော့သည်။ကိုကျော်ကလည်း ကြီးမှုန်ပခုံးကိုလှုပ်ပြောနေ၏။ကြီးမှုန်ကလည်း လည်ပင်းကပုတီးကြီးကို လက်ဝါးနဲ့ထည့်ကာဘုရားစာတွေရွတ်တော့သည်။မျက်လုံးကိုလည်းတင်းကြပ်စွာစုံမှိတ်ထားသည်။

"‌အောင်မလေး ဘုရားကယ်ပါတရားကယ်ပါ"

"အမေ သားတို့ပါသားတို့"

Winter and HerWhere stories live. Discover now