ခဏလောက်ကြာတော့ အိန္ဒြေ အင်း၊အဲ နဲ့နိုးလာပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်သည်။
မြင်လိုက်ရတာတော့ဆေးရုံအပြင်အဆင် ဒါပေမဲ့ ဆေးရုံအနံ့မရ ရနေတာကြက်ကြော်အနံ့။
ဟုတ်ပါ့မလားဆိုပြီး နှာခေါင်းပြန်ရှုံ့ကြည့်တော့လည်းဘာမှမထူး ကြက်ကြော်နံ့ဘေးဘီကိုလှည့်ကြည့်တော့ ဆေးရုံအခန်းထဲမှာထိုင်နေတဲ့သူတို့သူငယ်ချင်းအဖွဲ့ ဘေးနားမှာလည်း lotteria ကြက်ကြော်အိတ်တွေပြည့်လို့။အိန္ဒြေလည်းချက်ချင်းပဲထထိုင်လိုက်သည်။
"အမလေး ဗုဒ္ဓေါ"
ချစ်စုက ငေါက်ခနဲထထိုင်တာမြင်တော့ လန့်သွားသဖြင့်ထအော်သည်။
ချစ်စုအော်မှအကုန်လုံးလည်းလန့်သွားကြတော့တယ်
"စုရယ် အိန္ဒြေနိုးလာတာကို"
"ဟဲ့ သူကငေါက်ခနဲထထိုင်တာကို"
"ငါမသေသေးပါဘူး စုရယ်"
"သရက်သီးမ နင်ဟာလေကြောက်လိုက်တာလွန်ရော"
ချစ်စုကိုအကုန်လုံးဝိုင်းစကြတော့ သူလည်းရယ်ကျဲကျဲနှင့်သာ။
"ဟဲ့နင်တို့က ဆေးရုံမှာကြက်ကြော်တွေနဲ့ဘာလုပ်နေတာ"
အိန္ဒြေက ထိုသို့ပြောတော့လဝန်းကလည်းစပ်ဖြီးဖြီးထလုပ်သည်။
"နင်က ကြက်ကြော်မှာပြီးခေါ်မရတော့တာလေ အဲ့တာနဲ့စစ်ညီရယ် စုရယ်ကိုဆေးရုံကားနဲ့အရင်ပို့ခိုင်းထားတာ ငါလည်းကြက်ကြော် မှာပြီးသားဆိုတော့စောင့်ပြီးယူလာတာ ငါရောက်ပြီးခဏကြာတော့ နင်နိုးလာတာပဲ"
"အော် မသိရင်ပျော်ပွဲစားထွက်လာတယ်ထင်ကြဦးမယ် ဟင်းဟင်း"
အိန္ဒြေက သရော်ဟန်ဖြင့်သူတို့ကို ရယ်လိုက်သေးသည်။
နေသာမကောင်းပေမဲ့ သူများကိုလှောင်ဖို့ဆို အမြဲတက်ကြွနေသည့်အိန္ဒြေ"တော် ရယ်မနေနဲ့ပြီးရင်မုန့်လာစား"
"စားချင်စိတ်မရှိ"
"မရှိလည်းစား ငါ့လန့်အောင်လုပ်ထားလို့နင်စားကိုစားရမယ်"
"အင်းပါ အော် သွင်ရော"
"ဖုန်းပြောနေတယ်"
"ဟင် ဘယ်သူနဲ့"
YOU ARE READING
Winter and Her