Unicodeလှပတဲ့ ကလောမြို့ရဲ့ဆောင်းမနက်ခင်းကကြည်လင်လို့နေသည်။
ဈေးထဲရောက်တာနဲ့ လဝန်းကတော့ အသီးအနှံတွေကိုတခုပြီးတခုလိုက်မြည်းနေတယ် နောက်ပြီးဝယ်လည်းမဝယ်ပါဘူး။(A/N: ပလောင်ဈေးကိုသေချာမသိလို့ ကလောမြို့မဈေးလို့ပြောင်းလိုက်ပါတယ်နော်T_T)
စစ်ညီက အားနာစရာလို့ပြောတော့ နည်းနည်းလေးမြည်းတာဘာမှမဖြစ်ပါဘူး အသာနေစမ်းပါလို့တောင် ပြန်အော်လိုက်သေးတယ်။
ကလောကအသီးအနှံတွေဟာ အတော်လေးလည်းလတ်ဆတ်သည်။
ခဏပတ်ပြီးတော့ မနက်စာစားရန် သွားကြသည်။ဒီလောက်အသီးတွေလိုက်မြည်းနေတဲ့ လဝန်းကဗိုက်ဆာပြီတဲ့ ကျန်တဲ့သူတွေတောင်ဘာမှမပြောရသေး၊အစားဆိုသူထိပ်ဆုံး။လမ်းခဏလောက်လျှောက်ပြီးတော့ စားသောက်ဆိုင်တန်းတွေမြင်နေရပြီ အိန္ဒြေတို့လည်းဘယ်ဆိုင်မှာစားရမယ်မှန်းမသိတာနဲ့ တွေ့တဲ့ဆိုင်သာဝင်ထိုင်လိုက်ကြသည်။
"ဘာစားကြမလဲ အစ်မမှာပေးမယ်"
တလမ်းလုံးငြိမ်နေတဲ့သွင်က ဆိုင်ရောက်မှ မှာပေးမယ်ဆိုပြီးထပြောတယ်။
"ဟုတ်ပြီ ကျွန်မကို တို့ဟူးနွေးသုံးပွဲ၊ငါးထမင်းနယ်တစ်ပွဲ၊ရှမ်းနှစ်ပွဲ၊တို့ဟူးကြော် အကြွပ်ရော အပျော့ရောပေးနော်"
အိန္ဒြေကတော့ တို့ဟူးနွေးပဲမှာလိုက်တယ်။အေးစိမ့်စိမ့် မနက်ခင်းနဲ့ တို့ဟူးနွေး ပူပူနွေးနွေးဟာအလိုက်ဆုံးပဲမလား။
စားသောက်တန်းက အစားအသောက်တွေကကောင်းလည်းကောင်းသလို ဈေးလဲတန်သည်။တပွဲမှ ငါးရာ တစ်ထောင်တည်း တို့ဟူးကြော်ဆို တို့ဟူးချဉ်လေးနဲ့.....။
~~~
သွင် ကစားနေတဲ့အချိန်ဆိုရင်တော့ကလေးလေးကျနေရောပဲ ခုလည်းတို့ဟူးနွေးပူပူကိုမှုတ်ပြီးပလုတ်ပလောင်းစားနေတာများ။ဒါလည်းတမျိုးချစ်စရာ...ချစ်စရာ။
သွင့်ကိုတွေ့ရင် "မဝင်ရ"ဆိုပြီး ဆိုင်းဘုတ်သာထောင်ထားလိုက်ချင်တယ်။နှလုံးသားထဲမဝင်ရဆိုပြီးတော့လေ။
ဖွင့်ပြောလိုက်ရင်ဆိုတဲ့အတွေးမျိုးလည်း အိန္ဒြေတွေးမိတာပေါ့ ဒါပေမဲ့ အခြေအနေတွေကတင်းမာသွားရင်ဘယ်လိုလုပ်မလဲ၊အဲ့တာတွေလည်းကြောက်ရသေးတာ။ဖွင့်တော့ပြောမှာပါလေ ချစ်တာလေးတော့သိစေချင်တာပေါ့ တနေ့ကျဖွင့်ပြောမှာပါ တနေ့ကျ...။
စားပြီးသွားတော့ ကလောရဲ့ လည်ပတ်စရာနေရာတွေကိုဆက်သွားကြသေးသည်။မြို့မဈေးကနေ ဆယ်မိနစ်ခန့်လောက်မောင်းရတဲ့ ကလောနှီးဘုရားကိုလည်းသွားဖူးကြသည်။အလှဆုံးကတော့ ကလောနာရီစင်ပင်။စစ်ညီနဲ့ကောင်းဆက်ကတော့ နေရာတိုင်းဓာတ်ပုံရိုက်ပေးရသည်။သူမတို့အဖွဲ့ကသူတွေဓာတ်ပုံတော့လုံးဝမရိုက်တတ် လဝန်းဆိုအရပ်ရှည်တဲ့သူတောင် ပုကွသွားအောင်ရိုက်နိုင်တယ်၊ချစ်စုလည်းအတူတူ ခေါင်းတပိုင်းပဲရိုက်တတ်သည်။
အိန္ဒြေကတော့ရိုက်တတ်ပေမဲ့ လှလည်းမလှပဲရိုက်မနေနဲ့ဟုအမြဲငြင်းသည်။
"သွင့်ကိုရော ရိုက်မပေးချင်ဘူးလား အိန်ကလေး"
သွင်က ဖုန်းလေးကိုထိုးပေးပြီးပြောသည်။မျက်လုံးကလည်း သခင်ကိုချွဲနေတဲ့ခွေးပေါက်လေးလို။အိန်ကလေး ဆိုတာအိန္ဒြေ ကိုအဖျားစွတ်ခေါ်မှန်းတော့သိသည်။သို့ပေမဲ့ ထူးထူးဆန်းဆန်းမခေါ်စဖူးခေါ်နေလို့ ကြောင်သွားသည်။သွင်ကရှက်သွားပြီး
"အိန္ဒြေ အိန္ဒြေလို့ပြောတာ ရောသွားလို့"
"ရပါတယ် ဘယ်လိုခေါ်ခေါ် အိန်ကလေးကလည်းကောင်းပါတယ်"
"အို ရောသွားလို့ပါဆို မရိုက်ပေးလဲနေ"
သူပဲပြောပြီး သူပဲစိတ်တိုနေတဲ့သွင်ရယ်ပါ။
"ရိုက်ပေးမယ် ရိုက်ပေးမယ်"
"အင်း ကျေးဇူးနော် မေမေ့ကိုပို့ပေးမလို့"
"ဟုတ်"
နောက်တော့ နာရီစင်ကနေ ဆိုလမ်းလျှောက်ရင် ငါးမိနစ်လောက်သာကြာတဲ့ ကလောဘူတာလည်းသွားကြသေးသည်။ဟိုသွား ဒီပတ်နဲ့တင် ညနေစောင်းသွားပြန်သည်။
ကလောကတော့ လှမြဲ လှဆဲ၊ဆည်းဆာေတာင်လှနေသည်။
ဆည်းဆာကလည်း ခံစားကြည့်ရင်လွမ်းစရာ။
YOU ARE READING
Winter and Her