Uni
(ficအသစ်ရေးထားသေးတယ်ရယ်။ဖတ်ကြည့်ကြပါဦး။
ဖတ်လို့ကောင်းတယ်တိုရင်တော့အားရှိတာပေါ့။)ဒီနေ့ဟာ classရဲ့နောက်ဆုံးနေ့ဖြစ်တာကြောင့် အိန္ဒြေပံုထက်ပိုစောစောထမိသည်။နောက်ဆုံးနေ့ဆိုစာမသင်ကြဘူးမဟုတ်လား၊အိန္ဒြေတို့အဖွဲ့ကတော့ ဒီလိုရက်ဆိုပျော်ပါသည်။7:30တော့ရှင်းရှင်းက အခန်းတံခါးလာခေါက်တယ်။
"မမအိန္ဒြေ"
"အိန္ဒြေနိုးနေပြီ ရှင်း"
"ဟုတ် ဆင်းခဲ့ပါတဲ့လေးလေးက"
"လာမယ်နော် အင်္ကျီလဲနေလို့"တကယ်တော့အိန္ဒြေအင်္ကျီလဲပြီးတာကြာပါပြီ။တစ်ယောက်တည်းအတွေးလွန်နေခြင်းသာ။သွင်ပြောသည့်
"သဘောကျတာနဲ့မလုံလောက်တော့မှ"ဆိုတာကိုစိတ်ထဲစွဲနေခြင်းဖြစ်သည်။ထိုစကားဟာ ချစ်လာရင်လို့ေပြာတာလား။တကယ်တော့အိန္ဒြေချစ်တာနဲ့သဘောကျတာကိုအတူတူပဲထင်ခဲ့တာ။"အစောကြီးနိုးပါလား အိန္ဒြေ"
"ဟုတ်ပါပါး ညကစောအိပ်လို့ထင်တယ် ဒီနေ့classနောက်ဆုံးနေ့လေအဲ့တာကြောင့်လဲပါမယ်"
"အေးအေး စာလိုက်နိုင်တယ်မလား ဒါတက်ပြီးရင်ကောဘာအစီအစဉ်ရှိလဲ"
"IELTS EXAM ဖြေဖို့စဉ်းစားထားတယ်ပါပါး ပြီးရင် တော့မသိသေးဘူး။ပြီးမှဆက်စဉ်းစားတော့မယ်"
"ငါ့သမီးကတော့လေ"
"မာမားနဲ့မမရော"
"သမီးမာမားကစိတ်ကောက်နေတယ်အစောကြီးဆိုင်သွားပြီ၊သာယာကဖုန်းအသစ်ဝယ်မယ်ဆိုလား"
"ဖေဖေပြန်ချော့လိုက်ဦးနော် မာမားအကြောင်းသိတယ်မလား"
"အေးပါ အဖေဘက်လည်းနေကြပါဦး။နင်တို့မာမားဘက်ကြီးပဲ"
"ပါပါး အိန္ဒြေ ပြန်ရောက်ရင်ဘိုးဘိုးဆီသွားချင်တယ်"
"အင်းသွားလေ။ပိုက်ဆံထည့်သွားနော် သမီးမာမားကိုလည်းပြောလိုက်ဦး"
"ဟုတ်"
ရှင်းရှင်းပြင်ပေးတဲ့ရှမ်းခေါက်ဆွဲကိုစားနေတုန်းဖုန်းဝင်လာသည်။လဝန်းက8နာရီထိုးသည်နှင့်ဖုန်းဆက်ခေါ်နေကြဖြစ်သည်။သူမရောက်နှင့်နေတာကြောင့်ကျန်တဲ့သူတွေကိုဖုန်းဆက်ပြီးအနှောင့်အယှက်ပေးတာလည်းအကျင့်တခုပင်။"အိန္ဒြေ သွားတော့မယ်၊လဝန်းခေါ်နေပြီ"
"ကားသေချာမောင်းနော်"
"ဟုတ်"ဖုန်းတလုံးကိုင်ပြီးသာထွက်လာလိုက်သည်။သွင်ကကျောင်းနောက်ဆုံးနေ့တွင် စာအုပ်တွေယူလာစရာမလိုဟုdiscordကနေပြောထားသည်။
ESTÁS LEYENDO
Winter and Her