အပိုင်း ၁၃

96 7 0
                                    


"ဒါဆို နင်တို့ကတွဲနေပြီပေါ့"
"အဲ့လိုပြောရမလား"
"ဟယ်ဘာကို‌အဲ့လိုပြောရမလားလဲ။အားကိုမရဘူးငါစိတ်ညစ်တယ်"

လဝန်းကချစ်စုပုခုံးမှာမှီနေရင်းနဲ့ပြောသည်။လဝန်းကတောက်တဲ့လိုလူတိုင်းကိုကပ်နေတတ်တယ်။အခုလည်းသူမတို့‌ လဝန်းခြံထဲက သစ်သားစားပွဲလေးနားမှာဖရဲသီးစားရင်းဘယ်သွားရင်ကောင်းမလဲဆိုပြီးတိုင်ပင်နေကြသည်။
သွင်ကတော့ရှိမနေ။နောက်ဆုံးတွေ့ခဲ့တာဆိုရင်လွန်ခဲ့တဲ့နှစ်ရက်သန်လျင်ကပြန်လာတုန်းကဖြစ်မည်။မနေ့ကတော့ video callပြောဖြစ်သည်။

"ဟော့ပေါ့သွားစားရအောင်‌"
"သွားမယ်လေ။ဟဲ့ အိန္ဒြေ မမသွင်ကောခေါ်လိုက်လေ"

စစ်ညီ၏စကားအကြားလဝန်းကချက်ချင်းပြန်ဖြေသည်။သူတို့ဘာလို့ဟော့ပေါ့အရမ်းကြိုက်နေကြလဲ‌မပြောတတ်။
တလစာကုန်ကျတာစာရင်းတွက်လျှင်ဟော့ပေါ့ဖိုးချည်းပဲဖြစ်မည်။

"ဖုန်းသွားဆက်လိုက်မယ်။ခဏ"
"ဒီမှာပြောလည်းရတာပဲ။အပို"

စစ်ညီကဖရဲသီးအခွံကိုနှုတ်ခမ်းမွှေးပုံလုပ်ပြပြီးချစ်စုကိုစနေသည်။ချစ်စုကလည်း ဖရဲသီးစေ့တွေဖြင့် တဖွီးဖွီးထွေးထုတ်နေသည်။လဝန်းကတော့ ဟော့ပေါ့ဆိုင်ဘိုကင်တင်ပြီး douyinကိုကြည့်နေသည်။
ကောင်းဆက်ကတော့ငိုင်တိုင်တိုင်နှင့်။အရင်ကဆိုသူလည်းချစ်စုကိုဝိုင်းစတတ်သည်မလား။

သွင့်ကိုလဝန်းတို့ရှေ့တွင်သာဖုန်းဆက်ရသည်။တခြားသွားဆက်ရင်အကဲပိုသည်ဟုတစ်ချိန်လုံးပြောနေမှာ။

"သွင်"
"အင်း"
"အပြင်သွားကြမလား။လဝန်းတို့ကခေါ်နေလို့"
"‌သွင်နေမကောင်းဘူးကွယ်။မလာလို့မရဘူးလား"
"ဖျားတာလား အိန္ဒြေလာခဲ့မယ်လေ"

"ဘာလဲ။စပီကာဖွင့်လေ။ဒုက္ခပဲပိန်းတိန်းနေရော"

လဝန်းနဲ့ချစ်စုကဘေးကနေပွစိပွစိပြောသည်။ရည်းစားနဲ့ပြောတာစပီကာဖွင့်ရမှာလား။မကြားချင်ယောင်ဆောင်တော့လဝန်းကဖုန်းကိုဆွဲလုသည်။

"‌ဒေါ်လဝန်းရှင်ရေ။ငါတော့အသက်တိုမယ်နင်နဲ့"

"မလာလည်းရပါတယ်အိန်ကလေးရယ်"

Winter and HerWhere stories live. Discover now