"Morning မာမီ"
အောက်ထပ်သို့ဆင်းလာပြီး ထမင်းစားခန်းတွင် အလုပ်ရှုပ်နေသော မာမီကို တွေ့သောကြောင့် ' Morning ' ဟု ပြောပြီး ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။ ပါး နဲ့ ကိုကို က အခုချိန်ထိ မနိုးသေးပေ။ မလတ်က မေ့ မျက်နှာချင်းဆိုင်မှာထိုင်ကာ မာမီကတော့ မေ အတွက် အသုပ်ပြင်ပေးနေသည်။ မေ ငယ်ငယ့်ကတည်းက အခုချိန်ထိ မာမီ လုပ်ပေးသော အသုပ်ကလွဲရင် မည်သည့်အသုပ်ကိုမှ မစားပေ။
"သမီးငယ် အလုပ်သွားမလို့လား"
"ဟုတ်တယ်မာမီ"
"တစ်ရက်တစ်လေလေး နားပါအုံးလားကွယ်"
"မာမီသမီးငယ့်က အလုပ်ဂျပိုးလေ"
ထိုစကားကတော့ မလတ်ဝင်ပြောတာဖြစ်သည်။ မလတ် ပြောတာလည်းမမှား။ ဘယ်လောက်ပဲပင်ပန်းနေပါစေ အလုပ်ကိုတော့ပြီးအောင်လုပ်သည်။ သူမ တာဝန်ကို သူမ ပြီးဆုံးအောင်လုပ်ကိုင်သည်။ သူမ ပြီးဆုံးအောင်မလုပ်ပါက သူမကို ဖြုတ်ချချင်တဲ့လူတွေက လာလိမ့်မည်။ သူတို့က သူမ အမှားလုပ်မည့်နေ့ကို စောင့်မျှော်နေကြသည်လေ။
"ရပါတယ်မာမီ အလုပ်မှာလည်းနားလို့ရပါတယ်"
"ကဲပါ ပြောလို့မရလည်း သမီးငယ့်သဘောပဲကွယ်" ဟုသာ ပြောပြီး ထမင်းစားပွဲတွင်ထိုင်ကာအသုပ်စားနေသောမာမီကို ကြည့်၍ သူမ ပြုံးမိသည်။
"မလတ် ဒီနေ့ ရှယ်ယာရှင်အစည်းဝေးရှိတယ်မလား"
"ရှိတယ် မေလေး တတ်မလို့လား"
"ဟုတ် မေလေး ပြောစရာရှိလို့"
"အိုခေလေ စားပြီးတာနဲ့ သွားကြတာပေ့ါ"
"ဟုတ်"
"မေလေးက ဘာနဲ့သွားမှာလဲ"
"ဘေဘီလေးနဲ့"
မေလေးရဲ့စကားကြားတော့ မလတ် ခေါင်းခါမိသည်။ မေလေးဟာ N&M company ရဲ့ C. E.O ဖြစ်ပေမယ့် ဘယ်တော့မှ ကားမစီးပေ။ သူရဲ့ ဘေဘီလေး နဲ့သာ အမြဲသွားသည်။ ဆိုင်ကယ်စီးခြင်းက ပျော်ဖို့ကောင်းသလို အန္တရာယ်လည်းသိပ်များသည်။ အထူးသဖြင့် ဒီလို ကားလမ်းရှုပ်သော မြန်မာနိုင်ငံမှာ ပိုအန္တရာယ်များသည်။

YOU ARE READING
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Romanceခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........