"ခြူး ငါတို့ရေသွားကူးရအောင်"
"ငါမှ မကူးတတ်တာခြယ်ရဲ့"
"နင်ကရေဆော့ပေ့ါ ငါကူးမယ်လေ နော် အတူတူလိုက်ခဲ့ပေး"
"အင်းအင်းလိုက်ခဲ့ပေးမယ်"
တစ်ဦးတည်းသော သူငယ်ချင်းမို့ သူ(မ)ဘာပဲဖြစ်ဖြစ် ခြယ်ကိုပြောလေ့ရှိသည်။ မနေ့က မ သူ(မ)ကို ဖွင့်ပြောတာကို ပြောပြတော့ ခြယ်က အံ့ဪ၏။ အဲ့တည်းက ခြယ်က သူ(မ)ကို 'ကို' လို့ခေါ်ရာကနေ ခြူးလို့ပဲပြောင်းခေါ်တော့သည်။ ဘာလို့လဲဆို မ ကြားလျှင် မကောင်းဘူးဟု ဆို၏။ သူ(မ)ကိုလည်း ကိုယ်စိတ်ကို သေချာပြန်ဆန်းစစ်ခိုင်းသည်။
သူ(မ) မသိပါ။ သူ(မ) မအပေါ် ဘယ်လိုစိတ်ဖြစ်နေသည်ဆိုတာ။ မ အနားနေရရင် သူ(မ) နွေးထွေးသည်။ သူ(မ)လုံခြုံတယ်လို့လည်းခံစားရသည်။ အဲ့ဒါက အချစ်လား ၊ သံယောဇဉ်လား သူ(မ)မသိချေ။ မိဘမဲ့ဖြစ်တဲ့ သူ(မ) အပေါ် လူတစ်ယောက်က အဲ့လိုနွေးထွေးမှုတွေပေးစွမ်းလို့ အဲ့လူပေါ်ထားတဲ့ သံယောဇဉ်ကို အချစ်လို့လဲမသတ်မှတ်ချင်ပါ။ သူ(မ) မ အပေါ်ရှိတဲ့ခံစားချက်တွေကို သံယောဇဉ် ၊ အဖြူရောင်အချစ်လိုပဲ ထင်ထားသည်။အတွေးများဖြင့် ပင်လယ်ဘက်ကိုလျှောက်ရာမှာ လမ်းမှာ မ တို့နှင့် မျက်နှာချင်းဆိုင်တွေ့လေသည်။ မ ကိုမြင်တော့ အလိုလိုခေါင်းငုံ့သွားသည်။ မ က သူ(မ) ကို ကြည့်ပြီး ပြုံးနေတာကို မြင်လိုက်ရသည်။
"ခြယ်တို့ ဘယ်သွားကြမို့လဲ"
မ ကမေးလိုက်တော့ သူ(မ)က ဝင်မဖြေဘဲ ခြယ်အဖြေကိုသာ စောင့်နေလိုက်သည်။
"ပင်လယ်ဘက်ကို သွားမလို့ပါ မမမယ်ရီ"
"အင်းအင်း"
"မမတို့လည်း လိုက်ပါလား ခြယ်တို့လည်းနှစ်ယောက်တည်းဖြစ်နေတာနဲ့"
စကားလေရှည်နေသော ခြယ်ကို သူ(မ)စိတ်မရှည်တော့။ မ ကို မျက်နှာချင်းမဆိုင်ချင်သောကြောင့် မတွေ့မိအောင်ရှောင်နေပါတယ်ဆိုမှ အတူတူလိုက်ဖို့ ခေါ်နေသော ခြယ်ကို သူ(မ) လုပ်ပစ်ချင်လာသော်လည်း စိတ်ကိုမနည်းထိန်းထားရသည်။
"ခြယ်ကသာခေါ်နေတာ တစ်ယောက်ယောက်က ကိုယ့်ကို မခေါ်စေချင်သလိုပဲ"

YOU ARE READING
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Romanceခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........