"ဆရာ လူနာအခြေနေဘယ်လိုရှိလဲရှင့်"
Emergency အခန်းထဲကနေ ထွက်လာသော ဆရာဝန်ဖြစ်သူကို သူမ အမြန်မေးလိုက်မိသည်။ စားသောက်ဆိုင်ကနေ ဆေးရုံကိုလာတဲ့တစ်လျှောက်လုံး သူမ စိတ်မအေးနိုင်ပေ။ နာကျင်ခံစားနေရသော ဝေဒနာကို အလူးလဲခံစားနေရတဲ့ သူမ ချစ်ရတဲ့ ကလေးငယ့်ကိုကြည့်ပြီး သူမပါထပ်တူ မဟုတ်ဘူး ကလေးငယ်ထက်ပိုနာကျင်ရသည်။
"အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး လူနာက မတည့်တဲ့အစားစာ စားမိလို့ဖြစ်သွားတာပါ ဆေးထိုးပေးထားပါတယ် ဒီထက်နောက်ကျမယ်ဆိုရင် လူနာအသက်အန္တာရာယ်စိုးရိမ်ရပါတယ်"
"ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်"
"ရပါတယ် ဒါကျွန်တော်တာဝန်ပါ"
လူနာကုတင်ထက်မှာလဲလျောင်းစွာ အိပ်စက်နေသော သူမချစ်ရတဲ့ကလေးငယ်။ အေးစက်နေသောလက်ကို သူမလက်ဖြင့်အုပ်မိုး ဆုပ်ကိုင်လိုက်သည်။ ခဏအကြာ သူမ ကလေးငယ် လက်ချောင်းများလှုပ်လာသည်ကို သူမသတိပြုမိသည်။
"ကလေး အဆင်ပြေလား။နေရတာအဆင်ပြေလားကလေး ဘယ်နားအဆင်မပြေတာရှိလဲ"
"ဖြည်းဖြည်းမေးပါလား မ ခြူးအဆင်ပြေပါတယ်"
"ဟူး တော်သေးတာပေါ့ တောင်းပန်ပါတယ် ကလေးငယ် ကိုယ်ကြောင့်ဖြစ်သွားရတာ ကိုယ်ကြောင့်သာ မဟုတ်ရင် ကလေးငယ်ဒီလိုဖြစ်မှာမဟုတ်ဘူး"
"မဟုတ်တာမရယ် အခုဟာက ခြူးကြောင့်ဖြစ်သွားရတာပါ။ မကြောင့်မဟုတ်ဘူးနော် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့နော်"
ဆေးရုံကုတင်ထက်တွင် လဲနေသော ကလေးငယ်က သူမကိုတောင်ပြန်နှစ်သိမ့်ပေးလေသည်။ အရင်ကလို စိတ်ထားဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ ကလေးငယ်ပါလား။
"မ ခြူးဆေးရုံမှာမနေချင်ဘူး"
"ဆေးရုံမှာဆို စိတ်ချရတာပေ့ါကလေးရဲ့"
"ဟင့်အင်း အိမ်မှာလည်း သောက်ဆေးရှိတာပဲ။ဆေးရုံမှာမနေချင်ဘူး အိမ်ပဲပြန်မယ်လေနော်"
"Ok ok ကိုယ်ဆရာဝန်ကိုသွားမေးကြည့်ပေးမယ် ခဏစောင့်နော်"
ချစ်စရာကောင်းစွာပြောလာသော ကလေးငယ်ရဲ့ စကားကို သူမ ဘယ်လိုလုပ်ငြင်းဆန်ရဲပါ့မလဲ။

STAI LEGGENDO
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Storie d'amoreခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........