(12) Unicode+Zawgyi

1.7K 93 1
                                    

"တိုးတိုးလုပ်ပါ ကိုရယ် တစ်ခြားသူတွေ ငါတို့ကိုကြည့်နေပြီ"

"နင်ပြောတာမဖြစ်နိုင်ဘူးခြယ်...မက ငါကို သူညီမလေးတစ်ယောက်အနေနဲ့ဆက်ဆံတာနေမှာပါ"

ဘယ်လိုပဲ ကိုက မဟုတ်ပါဘူးလို့ ငြင်းဆန်နေပါစေ ဘေးလူဖြစ်တဲ့သူမတို့က အမှန်တိုင်းမြင်နေရသည်။ ကာယံကံရှင် ခြူးရတီကို ကတော့ ချစ်လို့ဂရုစိုက်နေတယ်ဆိုတာမသိဘဲ ညီမလေးတစ်ယောက်လိုဆက်ဆံသည်ပဲထင်နေ၏။ မမမယ်ရီဟာ ကို ကိုနွေးထွေးသောအချစ်တွေ ပေးလိမ့်မည်ဟု သူမယုံကြည်ထား၏။ သူမသူငယ်ချင်းကိုနွေးထွေးတဲ့မိသားစု ၊ နွေးထွေးတဲ့အချစ်တွေကို အမြန်ဆုံးရစေချင်သည်မှာအမှန်ပင်။ ဒါကြောင့်မို့ ခြူးရတီကို မမ မယ်ရီအပေါ်ချစ်လာအောင် သူမဘက်က ကူညီသင့်ရင်ကူညီပေးရမည်။

"ခြယ် ငါတို့သွားရအောင် အလုပ်ချိန်နီးနေပြီ"

"အင်း"

ပိုက်ဆံရှင်း၍ ကဖီးဆိုင်ထဲကအထွက် မတို့နှင့်ဆုံလေ၏။ မ က သူ(မ)ကိုကြည့်ပြီး သူ(မ)လက်ကို ဆွဲကိုင်၍.......။

"မလတ် ဒီနေ့တစ်ရက် သူကိုခေါ်သွားမယ်"

"ဘာလုပ်ဖို့လဲ မေ...မေလေး"

ပြန်တောင်မဖြေဘဲ သူ(မ)ကိုဆွဲခေါ်သွားသော မ။ သူ(မ)မှာ ကြောင်အံ့အံ့ဖြင့် မ ဆွဲခေါ်ရာနောက်သို့ပါသွားလေသည်။ အနောက်မှာကျန်နေခဲ့သော လူနှစ်ယောက်မှာတော့ ပါးစပ်အဟောင်းသားဖြစ်နေလေသည်။

"မမစိုး ကော်ဖီသောက်မို့လား"

"အစကတော့ဟုတ်တယ် အခုတော့မသောက်ချင်တော့ဘူး"

"သောက်ချင်သောက်ပါမမစိုး.....ရွှေ စောင့်နေပေးပါမယ်"

"ရတယ် မသောက်တော့ဘူး တို့ရုံခန်းထဲမှာပဲသောက်တော့မယ် မင်း တို့အတွက် ကော်ဖီဝယ်ပြီး တို့ရုံးခန်းထဲပို့ပေးပါ Black coffee နဲ့...."

"Black coffee နဲ့ ချောကလက်ကိတ်နဲ့မလားမမ ရွှေလာပို့ပေးပါမယ်"

"အင်း"

အပိုအလိုမရှိသောစကားတို့ကိုသာပြောပြီး ထွက်သွားသော မမကိုကြည့်၍သူမ သက်ပြင်းသဲ့သဲ့သာချမိ၏။ ချစ်ရတဲ့သူအနားနေချင်လို့တိုးကပ်တော့လည်းချစ်ရသူ၏တွန်းဖယ်ခြင်းကိုခံရသည်။ ချစ်ရသူကိုအဝေးကနေ မျှော်ကြည့်နေပြန်တော့လည်းနာကျင်ရပြန်သည်။ သူမ၏ဘဝသည် ဆုပ်လည်းစူးစားလည်းရှုး စကားပုံကဲ့သို့ ဖြစ်နေ၏။ သူမရဲ့အချစ်တွေကို မမဟာ ဘာလို့မြင်သာအောင်မကြည့်ရသနည်း ဟုမမကို မေးပစ်ချင်မိသည်။
_________________

နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)Dove le storie prendono vita. Scoprilo ora