"Daddy ကလျာတို့ဘယ်လိုလုပ်ကြမလဲ"
"Daddy တို့ ဒီအချိန်ထိရောက်လာခဲ့ပြီပဲ သမီးသာ မယ်ရီကို ကိုယ်အပိုင်ဖြစ်အောင်လုပ် သမီးနဲ့မယ်ရီသာ လက်ထပ်ဖြစ်ရင် မယ်ရီတို့မိသားစုက ပိုင်ဆိုင်မှုတွေ Daddy တို့လက်ထဲရောက်ပြီ ဟားဟား"
ကိုယ်အစီစဉ်ဖြင့် ကိုယ်သဘောကျနေတဲ့ဦးမြတ်ဆွေမှာ လာမည့်ဒုက္ခများကို မစဉ်းစားမိသည့်အလား ရယ်မောနေသည်။ လောဘကြီးတာများသွားရင် လူတစ်ယောက်ရဲ့ စဉ်းစားတုံးတရားမှာ နည်းပါးလာသည်။
Ti Ti Ti Ti~~~~~~~
"အေး ဘာလဲ ပြော"
"...."
"ဘာ!!!"တောက်!!!!
ဖုန်းချပြီး တောက် တစ်ချက်ခေါက်လိုက်သည်။
"Daddy ဘာဖြစ်လို့လဲ"
"မယ်ရီက Daddy တို့အကြောင်းကိုစုံးစမ်းသွားတယ် အခုပြင်ဦးလွင်မှာ"
"မယ်ရီကအထင်သေးလို့မရဘူးဘဲ Daddy"
"အေးဟုတ်တယ်သူကို အထင်သေးလို့်မရဘူး Daddy တို့ပြင်ဦးလွင်သွားရအောင် ကလျာ"
"ဟုတ် Daddy"
______________________"ကလေးငယ်"
ဆောင်း ကလေးရဲ့လက်ကို ဖမ်းဆုပ်လိုက်တော့ သူမထံရောက်လာသော အကြည့်တစ်စုံ။ အရင်လို ချစ်ရိပ်ပြည့်နေတဲ့အကြည့်မဟုတ်ဘဲ မသိတဲ့သူစိမ်းတစ်ယောက်ကိုကြည့်တဲ့အကြည့်မျိုး။
"ဘယ်သူလဲ လက်ကိုလွှတ်ပါ"
ကလေးက သူမဖမ်းဆုပ်ထားတဲ့ လက်ကို အတင်းဆွဲဖြုတ်ရင် ရုန်းသည်။ သူမ ကလေးရဲ့အပြုမှုကိုကြည့်ပြီး အံ့ဪမှင်သက်ကာ ဖမ်းဆုပ်ထားတဲ့လက်ကို လွှတ်ပေးမိသည်။ ထိုအခါ ကလေးငယ်က ယောင်္ကျားတစ်ယောက်ရဲ့ အနောက်သို့ ပုန်းကွယ်သွားသည်။
"ဒီက ညီမကဘယ်သူပါလဲ လွှမ်းနဲ့သိလို့လားဗျ"
"သူက ကျွန်မချစ်သူပါ"
ထိုယောက်ျားရဲ့ အမေးကို ကလေးကိုကြည့်ပြီး ဖြေလိုက်သည်။
"ဗျာ......"
"အကို လွှမ်းသူကိုမသိဘူး"
ကလေးဆီက သူမကို 'မသိဘူး' ဆိုတဲ့စကား ၊ သူစိမ်းဆန်တဲ့ အကြည့်တွေကို သူမ မြင်ရ ၊ ကြားရသည်မှာ တစ်ဆစ်ဆစ်ဖြင့် နာကျင်လှသည်။ ကလေးကိုမတွေ့ရသည်မှာ အချိန်အနည်းငယ်ကြာလေပြီ။ အရင်က ဆံပင်ရှည်နဲ့ ကလေးငယ်က အခုတော့ ဂုတ်ဝဲနဲ့ပင်။ ဖောင်းနေတဲ့ ပါးလေးနှစ်ဖက်မှာ အခုတော့ ချောင်ကျလေပြီ။ ကလေးက သူမ စိုက်ကြည့်နေတာကို နေရခက်စွာ သူမနဲ့ မျက်လုံးချင်းမဆိုင်အောင် နေလေသည်။

YOU ARE READING
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Romanceခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........