ကြီးမားလှပြီး လူများလှသောကုန်တိုက်ကို လာတဲ့ မကို သူ(မ)အံ့ဪရသည်။ မကသာ ကြိုက်တဲ့အကျီကို ရွေးယူဟုဆိုသော်လည်း သူ(မ) ကြည့်လိုက်တဲ့အကျီမှန်သမျှက သောင်းကျော်တန်တွေချည်းပင်။ သူ(မ)မယူဘဲ ပြန်ထားလိုက်လျှင် မက သူ(မ)ကြည့်တဲ့အကျီမှန်သမျှဝယ်လေသည်မို့ သူ(မ)စိတ်ညစ်ရ၏။
"မ တော်ပြီလေ ခြူးက ခြူးဘာသာ ဒီတိုင်းကြည့်တာ မက ခြူးကိုင်သမျှဝယ်တော့ ပိုက်ဆံတွေကုန်မှာပေ့ါ"
"မကုန်ပါဘူး ကလေးရဲ့ ကိုယ်ရှာသမျှက ကလေးအတွက်ပဲလေ"
"ဟင်"
"ကမ်းခြေသွားမှာ ရေကူးဝတ်စုံမဝယ်ရသေးဘူးဘဲ လာကလေး ဟိုဘက်မှာ ဆိုင်ရှိတယ်"
ဆိုင်ထဲရောက်တော့ မ က ကြည့်ပြီး မျက်နှာရှုံမဲ့ကာ....။
"တော်ပြီ ကမ်းခြေမသွားတော့ဘူး"
"ဟင်ဘာလို့လဲ မရဲ့"
"Swimsuit တွေက အတိုတွေချည်းပဲ ဒါကို ကလေးဝတ်ရင် တစ်ခြားသူတွေက ကြည့်မှာပေ့ါ ကိုယ်မကြိုက်ဘူး"
"ဘာလို့မကြိုက်တာလဲမ...စိတ်မချရအောင် ခြူးနဲ့မနဲ့က ဘာမှမတော်ဘူးလေ"
"အဲ့ဒါက ဟို ကိုယ်...ကိုယ် Company ကဝန်ထမ်းမို့ ကိုယ်စိတ်မချတာပါ ဟုတ်တယ်"
"ဪ...."
ကလေးမသိအောင် သက်ပြင်းကိုခိုးချမိသည်။ သူမ ကလေးကိုဒီခရီးမှာ ဖွင့်ပြောမည်ဟု တွေးထားသောကြောင့် ခရီးမသွားခင် ကလေးကိုချစ်နေကြောင်း ကလေးသိသွားလို့မဖြစ်ပါ။ သူမ နဲ့ ပတ်သက်ပြီး ကလေးကိုအမှတ်တရကောင်းလေးတွေ ဖန်တီးပေးချင်သော်ကြောင့် ဖြစ်သည်။
ဆိုင်တွင်ရောင်းသော Swimsuit တွေကို ကလေးဝတ်မှာ သူမ မကြိုက်သော်လည်း ကလေးစိတ်တိုင်းကျ အရမ်းမတို ၊ မပေါ်တာကို ဝယ်ပေးလိုက်သည်။ ကမ်းခြေတွင်နေမယ့် နေ့ရက်တွေကို တွေးရင်း သူမရင်မောရ၏။
ထိုနေ့က ကလေးအတွက် လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေကိုဝယ်ပြီးသည်နှင့် ကလေးကို အိမ်ပြန်လိုက်ပို့ပေးလိုက်သည်။
.
.
.
.
မနက် 5 နာရီဆိုသော အချိန်သည် နေရောင်မထွက်သေးဘဲ မှောင်နေသောကြောင့် လမ်းများမှာ လမ်းမီးတိုင်များထွန်းထားသည်။ Company ရှိ ဒီဇိုင်းဌာနက လူအတော်များသည် အနွေးထည်ကိုယ်စီဖြင့်ရပ်စောင့်နေကြသည်။ နေမထွက်သေးသောမနက်အစောသည် ဆောင်းရာသီကြောင့် ချမ်းစိမ့်စိမ့်ဖြစ်တာမို့ လူတိုင်းသည် လက်များကိုအနွေးထည်အိတ်ကပ်ထဲသို့ ထည့်ထားကြသည်။
BẠN ĐANG ĐỌC
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Lãng mạnခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........