တစ်ဆစ်ဆစ်ကိုက်လာသောနာကျင်မှုကြေင့် ခြူး နိုးလာခဲ့သည်။ မျက်လုံးတို့ကိုဖွင့်လိုက်တော့ မြင်ကွင်းမှာ မည်းမည်းဖြစ်ပြီး ဘာမြင်ကွင်းမှမမြင်ရအောင် သူ(မ)မျက်လုံးတို့ကို ပိတ်စအမည်းဖြင့် စည်းထားသည်။ သူ(မ) လက်တို့ကိုလှုပ်ကြည့်တော့ လှုပ်လို့မရအောင် ချည်းထားသည်။
သူ(မ) မှာ ဘယ်သူနဲ့မှ ရန်ငြိုးရန်စမရှိဘဲ ဘာဖြစ်လို့ သူ(မ)ကိုဖမ်းထားရသနည်း။ အခုချိန်ဆို သူ(မ)ကို မ စိတ်ပူနေတော့မည်။
"ကျွန်မကို ဘာလို့ဖမ်းထားကြတာလဲ လွှတ်ပေးပါ"
"အချိန်တန်ရင် လွှတ်ပေးမှာပေ့ါ ကလေးမ"
အသက်ကြီးကြီး လူတစ်ယောက်ရဲ့ အသံကထွက်ပေါ်လာ၏။ ထို့နောက် သူ(မ)မျက်နှာထက်ကျရောက်လာတဲ့ အေးစက်စက်အရာတစ်ခု။
"နင်က ငါဆီကနေ Honey ကိုလုယူသွားတဲ့သူပဲ ငါစိတ်တိုင်းကျသာဆို တစ်စစီလုပ်ပစ်ချင်ပေမယ့် နင်ချစ်တဲ့မ လာတဲ့အချိန်ကျမှ
နင်ကို တစ်စစီလုပ်ပစ်မယ် ကိုယ်မျက်စိရှေ့မှာ ချစ်ရသူဘယ်လောက်နာကျင်နေသလဲဆိုတာကို မြင်နေရမယ့်မြင်ကွင်းက သိပ်ပျော်စရာကောင်းမှာပဲ ဟားဟား"သူ(မ)နား နားသို့ကပ်ပြီး ပြောလာသောစကားတို့ကြောင့် သူ(မ)စိတ်ထဲ ကြောက်စိတ်တို့ဝင်လာ၏။ အခုအချိန် သူ(မ) မျှော်လင့်မိတဲ့ တစ်ဦးတည်းသူက မ ပင်။
မ ကလေးဆီမြန်မြန်လာပါ...ကလေးကြောက်တယ်.....။
ကောင်မလေးမှာ ကြောက်စိတ်တွေဖြင့် ချစ်ရသူကိုမျှော်နေပြီး တစ်ဖက်ကကောင်မလေးမှာလဲ ချစ်ရသူကို စိုးရိမ်၍စိတ်ပူပန်နေ၏။
တောက်!!!!
"ဟာကွာ"
တောက်တစ်ချက် ခေါက်လိုက်ပြီး နံရံသို့ ထိုးလိုက်၏။
"သမီးရယ် စိတ်လျော့ပါ သမီးလေးအဆင်ပြေမှာပါ"
နံရံကိုမှီ၍ ထိုင်နေသော သူမ အနားသို့ အန်တီမြက လာ၍ နှစ်သိမ့်ပေးသည်။ သူမရဲ့အခုရုပ်မှာ ရှုတ်ပွနေပြီး လူရုပ်တောင်မပေါက်တော့ပေ။ သူမ၏လက်မှာလည်း သွေးတွေက စီးကျနေ၏။ ကလေးငယ်ပျောက်သွားတဲ့
နာရီပိုင်းအတွင်းမှာ သူမ ဒီလောက်ထိဖြစ်နေရင် ကလေးငယ်သာဆိုလျှင် ဘယ်လောက်တောင် ကြောက်ပြီးအားငယ်နေမည်နည်း။
အတွေးတို့ဖြင့် သူမရင်မှာ ပူလောင်နေ၏။

ВЫ ЧИТАЕТЕ
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Любовные романыခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........