ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့လေ အငယ်လေး"
"ကိုကိုပါ ရှိနေတာလား"
သူမ မလတ် အခန်းထဲဝင်သွားတော့ ကိုကိုပါရှိနေလေ၏။ ကိုကိုက သူမကို ပြုံးစိစိဖြင့် ကြည့်နေလေသောကြောင့် သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံကြည့်ရသည်။
"ဘာဖြစ်လို့ မေလေးကို ပြုံးစိစိကြည့်တာလဲ ကိုကို"
"အငယ်လေးက အလုပ်တွေကိုပစ်ပြီး တစ်စုံတစ်ယောက်နားပဲကပ်နေလို့ဟေ သူဌေးမကြီးက သူကိုယ်သူ သူဌေးမှန်းသိရဲ့လားမသိဘူးဟေး"
"သိပါတယ် ကိုကိုကလည်း....မေလေးတာဝန်မေလေးကျေပွန်အောင်လုပ်တယ် ကိုကိုမှာ အငယ်နှစ်ယောက်ရှိတာ အငယ်နှစ်ယောက်ကိုမကူညီဘဲ နေနေတာ ဘယ်သူလဲ"
"ဟေ့ဟေ့ ရှုပ်ယှက်ခက်တဲ့Companyကိစ္စထဲ ကျွန်တော်မျိုးမပါချင်ပါ ခင်ဗျာ။ မမလေးတို့ဘာသာ မမလေးတို့လုပ်ကြပါ။ ကျွန်တော်မျိုးသွားလိုက်ပါအုံးမယ်ဗျာ"
"ကိုကိုကတော့"
စနောက်ပြောဆိုရင်း ထွက်သွားသော ကိုကိုကြောင့် သူမ ပြုံးမိသည်။
"အငယ်လေး သူရော အဆင်ပြေရဲ့လား မနက်က ကိစ္စကို မလတ်သိပြီးပြီ"
"ပြေပါတယ် မလတ် စစချင်းတော့ ကလေးကငိုနေတယ် မနည်းချော့ထားပြီး အိမ်ပြန်ပို့ပေးခဲ့တယ်"
"အင်းအင်း ဒီကိစ္စကို ဘယ်သူကသတင်းဖွတာလဲလို့ မေလေးထင်လဲ"
"မေလေး လူတစ်ယောက်ကိုပဲစိတ်ထင်တယ်မလတ်....သူကြောင့် ကလေးငယ် ဒုက္ခရောက်တာဒါနဲ့ဆို သုံးခါရှိပြီ"
"ဟင် ဟုတ်လား မေလေးမှာသက်သေရှိရင် မနက်ဖြန်အစည်းဝေးမှာ ထုတ်ပြောကြတာပေ့ါ"
"ဟုတ် မလတ်"
မလတ်အခန်းထဲကနေထွက်ပြီး ဝရံတာဘက်သို့ သူမ ထွက်လာခဲ့လိုက်သည်။ လမင်းကြီးကိုငေးကြည့်ရင်း အကျီအိတ်ကပ်ထဲက ဆေးလိပ်ဘူးကိုထုတ်လိုက်သည်။ သူမ အခုတလော ဆေးလိပ်မသောက်တာ ကြာပြီ။ ဆေးလိပ်ဘူးထဲက တစ်လိပ်ကိုယူ၍ မီးညှိလိုက်ပြီး လမင်းကိုကြည့်ကာ သောက်နေမိသည်။ စီးကရက်ရဲ့စတော်ဘယ်ရီအနံ့က ကလေးဆီက ရေမွှေးနံ့လောက် မချိုမြိန်ဘူး ကလေးငယ်ရယ် ဟု စိတ်ထဲတွင် တွေးမိသည်။ လမင်းကို မြင်တိုင်း လမင်းနဲ့တူသော ကလေးငယ်ကိုသတိရမိသည်။ ဒီလိုအချိန်ဆို ကလေးငယ်ဘာတွေများလုပ်နေမလဲ။ ငိုများငိုနေမလား။ ဒါမှမဟုတ် အိပ်ရာထဲခွေနေမလား။ စီးကရက်အငွေ့တွေကို ရှိုက်ဖွာနေတုန်း ကလေးငယ်ကို လွမ်းနေတဲ့စိတ်တွေက ပိုလာသောကြောင့် သောက်နေသော စီးကရက်ကိုမီးသတ်လိုက်ပြီး ကလေးငယ်ရှိရာတိုက်ခန်းဆီသို့ သူမ ကားဖြင့်ဦးတည်မောင်းလိုက်သည်။ သေချာသည်မှာ မနက်ခင်းအချိန်ထိ သူမ ကလေးငယ်ရဲ့အခန်းကိုကြည့်နေရင်း ကားထဲမှာပဲ ထိုင်နေမိသည်။
___________________

JE LEEST
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Romantiekခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........