"ဒီက မကလျာနီလားဗျ"
"ဟုတ်ပါတယ် ဦးဟိန်းသူ လွှတ်လိုက်တဲ့ ဒရိုင်ဘာဆိုသူလား"
ပြန်ပြောလာသော သူမစကားကြားရသည်မှာ သူကိုယ့်သူ ပြန်ငုံ့ကြည့်ကာ ဘယ်နေရာကများ ဒရိုင်ဘာနဲ့တူနေလို့လဲ ဟု တွေးမိသည်။
"အို သမီးကလည်း သူက ဦးဟိန်းရဲ့သားပါ... sorry ပဲသား အန်ကယ်သမီးက မသိလို့ပြောမိတာပါကွယ် ဗွေမယူပါနဲ့"
အနောက်ကနေ ထွက်လာသော ဗိုက်ရွှဲရွှဲ ဦးလေးကြီးတစ်ဦး။ သူကို ပြောတဲ့ပုံက ဗွေယူရင်ဗွေယူကြည့် ငါနဲ့တွေ့မယ်ဆိုတဲ့ အကြည့်မျိုးနဲ့ ပြောခြင်းဖြစ်သည်။ အဖေနဲ့ သမီးနဲ့ လိုက်လဲလိုက်ပါတယ်။
"Honeyမပါလာဘူးလား"
"Honey လိုချင်ရင် Supermarket တွေမှာ ဝယ်လို့ရပါတယ်ဗျ ကျွန်တော်လိုက်ပို့ပေးရမလားဗျ"
"Iပြောတဲ့ Honey က မယ်ရီကိုပြောတာပါ စားသောက်ကုန် Honey ကိုပြောတာမဟုတ်ဘူး"
"ဪ ဟုတ်ကဲ့ဗျ"
သူ ကို အထင်သေးသောမျက်ဝန်းများဖြင့် ကြည့်ပြီး အရှေ့ကနေအရင်ထွက်သွားသောထိုအနှီးမိန်းကလေးကို ကြည့်၍ ထွက်နေသောဒေါသစိတ်တို့ကို ဖြေလျော့ထားရသည်။
"ကဲ မောင်သူရိန်ကို အန်ကယ်သမီးအစား အန်ကယ်ကပဲ တောင်းပန်ပါတယ်"
"ရပါတယ် အန်ကယ် ပစ္စည်းတွေကျွန်တော်သယ်ခဲ့ပေးပါမယ်"
"အေးအေး"
သူတို့ကလွဲရင် တစ်ခြားသူတွေကို အထင်သေးတာ ဘယ်လိုစိတ်နဲ့များ Companyမှာ ရှယ်ယာရှင်နေရာပေးရသလဲ ပါးပါးရယ် ဟူ၍ ဖြေသူမဲ့သော မေးခွန်းကိုသာ စိတ်ထဲတွင်မေးနေမိသည်။
_____________________မိတ္တူဆွဲနေသော သူ(မ) ခါးထက်သို့ ကျရောက်လာသော လက်တစ်စုံ။ ရေမွှေးနံ့သင်းသင်းလေးက သူ(မ) နှာခေါင်းနားတွင် လာရောက်ကျီစယ်နေသည်။ ရေမွှေးနံ့ကို ရလိုက်သည်နှင့် ဘယ်သူလဲဆိုတာ မေးစရာမလိုအောင် သူ(မ) သိနေပြီ။ မ...သူ(မ)ချစ်ရပါသော မ။
"ကလေး အလုပ်တွေပဲ လုပ်နေတော့မှလား ကိုယ်ကို နည်းနည်းပါးပါးအဖက်လုပ်ပါအုံး အချစ်ရဲ့"

YOU ARE READING
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Romanceခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........