Unicode
"စိုးလေး အငယ်မ ဘာတွေဝယ်လာတာလဲ"
"မသိပါဘူးကိုကို အိတ်နှစ်အိတ်နဲ့တော့အပြည့်ပဲ"
ညနေဘက်အချိန်တွင်မေလေးသည် အိတ်နှစ်အိတ်ကို မနိုင်မနင်းသယ်လာသောကြောင့် ကူသယ်ပေးရန်အနားသို့သွားသောအချိန်တွင် နှစ်ယောက်လုံးအဟောက်ခံရသည်။
"မလတ်နဲ့ကိုကိုကူမသယ်ပေးနဲ့။ မေလေးဘာသာသယ်မယ်"
စိုးနဲ့ကိုကိုကတော့ တစ်ခါမှမမြင်ဖူးတဲ့ မေလေးပုံစံကြောင့် မေလေးကိုစိတ်ပူနေကြသော်လည်း ကာယကံရှင်မေလေးခများ ဝယ်လာသော ဟင်းချက်နည်းစာအုပ်တွေကြား ခေါင်းတောင်မဖော်နိုင်ပေ။
_____________"ခြယ် နင်အချစ်ကိုဘယ်လိုထင်လဲ"
"အချစ်ကိုအချစ်လိုထင်တာပေ့ါဟ"
"အေးရှင်းသွားတာပဲ"
အေးမြလှသော ဆောင်းရာသီအောက်မှာ သူ(မ)တို့နှစ်ယောက် ရေခဲချောင်းကို စားသုံးနေကြသည်။ အဲ့လိုမျိုးပါ သူ(မ)တို့သူငယ်ချင်းနှစ်ယောက်က ရာသီဥတုချမ်းအေးနေပါစေ။ ရေခဲချောင်းကိုအမြဲစားသုံးနေကြသူတွေပင်။
"နင်ကဘယ်လိုအချစ်မျိုးကို သိချင်တာလဲ"
"လူတစ်ယောက်ကို ချစ်မိနေပြီဆိုတာဘယ်လိုအချက်တွေကသိစေနိုင်လဲခြယ်"
"အင်းးးလူတစ်ယောက်ကို ချစ်နေပြီလို့ခံစားရရင် အဲ့လူရဲ့မျက်နှာကို တစ်ချိန်လုံးမြင်တွေ့ချင်မိမယ်။ အချိန်တိုင်းသူတစ်ယောက်တည်းကိုပဲသတိရနေမယ်။ သူနဲ့အတူရှိနေရရင်နင်စိတ်ထဲ လုံခြုံနေတယ်လို့ခံစားရမယ်။ မသိစိတ်ထဲကနေသူကို အားကိုးချင်လာမယ်။ အခုငါပြောတာတွေကိုနားထောင်ပြီး နင်စိတ်ထဲမှာတစ်စုံတစ်ယောက်ပေါ်လာရင် အဲ့လူကို နင်ချစ်နေမိပြီလို့ ငါထင်တယ် ဘာလို့လဲ ကို နင်ချစ်မိနေပြီလား"
"မဟုတ်ပါဘူး။ ငါဘယ်သူကိုမှမချစ်ပါဘူး။ ငါသွားအိပ်တော့မယ် နင်လဲအိပ်တော့"
ပြောချင်သာပြောပြီးထွက်သွားသော ကို့ကို ခြယ်တစ်ယောက် သံသဃဝင်ချင်သွားသည်။ ကိုဟာ ရှက်နေတဲ့အချိန် (သို့မဟုတ်) တစ်စုံတစ်ခုကိုဖုံးကွယ်ထားသောအချိန်ဆိုလျှင် ပြောချင်ရာသာပြောပြီး တစ်ဖက်သူ၏စကားကိုနားမထောင်ဘဲ ထွက်သွားတတ်သည်။ နောက်တစ်ခါကြုံတော့မှ ကို ကိုမရမကမေးကြည့်ရမည်ဟုတွေးရင်း သူမပါ အခန်းထဲဝင်သွားတော့သည်။

DU LIEST GERADE
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Romantikခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........