"ဘုန်း"
"အာ့"စိတ်လှုပ်ရှားသောနေ့တွင် သူ(မ)သည့် တစ်ခုမဟုတ်တစ်ခုဖြစ်သည်။ မနက်တည်းက ဘာမှမဖြစ်လောက်ပါဘူး ဟု တွေးမိသော်လည်း
အခုတော့ဖြင့် အပေါက်ဝမှာ လူတစ်ယောက် နဲ့ တိုက်မိပြန်သည်။"ဟေ့ မင်း စာရွက် ဖိုင် တွင် ပြန်မကောက်တော့ဘူးလား"
''အာ..... ဟုတ် ဟုတ်"
သူမပြောမှ အသိစိတ်ဝင်လာသော ထိုမိန်းကလေးကို ကြည့်ပြီး တွေးမိတာက ဘယ်လို အူကြောင်ကြောင်လေးပါလဲ။ ထိုအနှီးမိန်းကလေး အူကြောင်ကြောင်လေး ဖြစ်တာ သူမ အတွက်တော့ ချစ်ဖို့ကောင်းလှသည်။ ဝတ်ထားသောပုံစံသည်က လူကြီး ပုံစံပေါက်ပေမယ့် သူမအရှေ့က အကောင်ပေါက်လေးဝတ်လိုက်တော့ ကလေးတစ်ယောက်နဲ့တောင်ပိုတူသွားသည်။ ပုပုသေးသေးလေးချစ်စရာလေး။
*ငါဘာတွေတွေးနေတာတုန်း။ ငါချစ်တာ ကလေးငယ်လေးပဲ။ ဟုတ်တယ် ငါချစ်တာကလေးငယ်လေး။ ထိုမိန်းကလေး ပုံစံက ကလေးငယ် နဲ့ ဆင်တာမို့ ငေးကြည့်ရုံလေးတင်ပဲ။ ဘာစိတ်မှ မပါဘူး။
ဟူးးးး.......*"ဟို ခြူး တောင်းပန်ပါတယ်နော်"
"မလိုဘူး ရတယ်"
ဆိုပြီး ထွက်သွားသောသူ့ကို ခြူးနားမလည်တော့ချေ။ ဘယ်လိုလူမျိုးပါလဲ။ မျက်နှာက တည်တံ့ပြီး ချေမိုးနေတာပဲ။
ပါးစပ်ကလည်း ပြောရင်း စကပ်နားတွင် ပေနေသော ဖုန့်များကို ခါလိုက်သည်။ ခြယ်ကလည်း သူ(မ)ကိုတောင်မစောင့်ဘဲ အရှေ့ကနေ အရင်သွားသည်။ ခြယ်သာ ပါရင် သူ(မ)အဲ့လိုဖြစ်မည်မဟုတ်ချေ။
"ကို နင်ဟာလေ လာတာနောက်ကျလိုက်တာ"
"နောက်ကျမှာပေ့ါ နင်ကြောင့်လေ"
"ဟင် ငါဘာလုပ်လို့လဲ"
"ဘာလုပ်ရမှာလဲ ငါကို တစ်ယောက်တည်းထားပြီးအရှေ့ကနေ အရင်သွားတယ် နင်ကြောင့် အပေါက်ဝမှာတင် လူတစ်ယောက်နဲ့တိုက်ခဲ့ရသေးတယ် နင်ကြောင့် ခြယ်"
"ငါကြောင့်ဖြစ်ရတာ စိတ်မဆိုးနဲ့နော် ကို . . .
ငါမနက်စာဝယ်ကျွေးမယ်လေ နော်""ပြီးတာပဲ ဟွန့်"
"လာ အခုတော့ Formသွားဖြည့်ရအောင်
ပြီးရင် မနက်စာ စားကြမယ်"
![](https://img.wattpad.com/cover/334326297-288-k699570.jpg)
ŞİMDİ OKUDUĞUN
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Romantizmခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........