"ရှင့်"
"ဘာဖြစ်လို့လဲ ကလေးမ ပြသနာရှိလို့လား"
"ဟို မရှိပါဘူးရှင့်"
"ကောင်းပြီ ပြသနာမရှိဘူးဆိုရင် မနက်ဖြန်ကစပြီး အလုပ်စလုပ်လို့ရပါပြီ . . . ရွှေပန်းချီခြယ်က အလုပ်ကို ရောက်ရင် တို့စီလာခဲ့ပါ . . . Company Uniform ဆိုပြီးသီးသန့်မရှိတာမို့ ကိုယ့်စိတ်ကြိုက်ဝတ်စုံကို ဝတ်လာခဲ့လို့ရပါတယ်"
"ဟုတ်ကဲ့" *2
"မေးစရာမရှိရင် ပြန်လို့ရပါပြီ"
'ဟုတ်ကဲ့" *2
__________________
အလုပ်ရသွားသော်လည်း သူ(မ) မပျော်နိုင်ပေ။ သူငယ်ချင်းနှစ်ယောက် Company တစ်ခုတည်းမှာ အတူတူလုပ်မယ် ဟု တွေးထားသော အတွေးများသည်ဂာား လေထဲသို့ လွင့်ပျောက်သွားသည်။ အခုတော့ဖြင့် သူ(မ)လုပ်ချင်သော အလုပ်မှာ သူ(မ) တစ်ယောက်တည်းသာ။ သူ(မ)မှာ ခြယ်ကလွဲရင် ရင်းနှီးတဲ့သူမရှိပေ။ သူ(မ)လို ပုံစံမျိုးနဲ့ဆို အလုပ်မှာ ဘယ်သူမှ ခေါ်ချင်ကြမှာမဟုတ်ပေ။
ဓါတ်လှေကားထဲတွင် အတွေးတွေနဲ့အတူ တိတ်ဆိတ်စွာ ငြိမ်နေမိသည်။
"ခြယ်"
"ပြောလေ ကို"
"ငါ ငါ အလုပ်မလုပ်တော့ရင်ကောင်းမလား"
"ဘာဖြစ်လို့လဲ ကို ငါနဲ့အတူမလုပ်ရလို့လား"
ပြောလာသော သူငယ်ချင်းဖြစ်သူ၏ စကားသံဂြောာင့်သူမ အံ့ဪရ၏။ Designer တစ်ယောက်ဖြစ်ချင်သော ကိုသည် အခုတော့ ဖြင့် မလုပ်တော့ရင်ကောင်းမလား ဟုတောင်တွေးနေလေပြီ။ သူမကြောင့် နဲ့ ကို ဖြစ်ချင်သော အိမ်မက်တွေကို ဖျက်ဆီးခွင့်မပြုပေ။
"မရပါဘူးနော် ကို နင်အဲ့လိုမစဉ်းစားရဘူး
ငါနဲ့အတူမလုပ်ရလို့ဆိုပြီး မတွေးနဲ့ ငါရောနင်ရောက Company တစ်ခုတည်းမှာ အလုပ်လုပ်ရတာပဲလေ အားရင်အားသလိုတွေ့လို့ရတာပဲ ဟို မိုင်ပေါင်းများစွာဝေးနေတာလဲမဟုတ်ဘူးလေ ငါအတွက်ကြောင့်နဲ့ နင်အိမ်မက်ကိုလက်မလျော့နဲ့ ငါလေ နင်ကို နာမည်ကြီးတဲ့ Designer တစ်ယောက်အဖြစ် မြင်တွေ့ချင်တယ် ငါအတွက် လုပ်ပေးမယ်မလားဟင် ကို"
![](https://img.wattpad.com/cover/334326297-288-k699570.jpg)
BẠN ĐANG ĐỌC
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Lãng mạnခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........