"သမီးနဲ့စကား ကောင်းနေတာနဲ့တင် အချိန်ကို သတိမထားမိဘူး ညနေတောင်စောင်းနေပြီ သမီးပြန်ဖို့နောက်ကျနေတော့မယ်"
"ရပါတယ် ဆရာမကြီး ဒါဆို သမီးပြန်တော့မယ် နောက်မှပဲ ရတီနဲ့အတူလာလည်မယ်နော်ဆရာမကြီး"
"အေးကွယ် အေးအေး"
ဆိုင်ကယ်မောင်းပြီးထွက်သွားသော သူမရဲ့ကျောပြင်ကိုကြည့်၍ ပြောမည်ဆိုသော အကြောင်းရာကို အခုမှသတိရသည်။ သို့သော်လည်း နောက်ကြုံတော့မှ ပြောတော့မည်ဟု၍ တွေးပြီး အထဲသို့ဝင်သွားလိုက်လေသည်။
___________________"ကို ငါတို့အလုပ်ရမှာပါနော်"
"ရမှာပါဟ နင်ကလည်း အရမ်းစိတ်မပူနဲ့"
"ကျွန်မက ရှင့်လိုမဟုတ်ဘူးတော် ဒေါ်ခြူးရတီကိုရဲ့ ပူပင်ရတယ် အလုပ်ရမှ ငါတို့အိမ်လခပေးရမှာလေ အခုတောင် အိမ်ရှင်အဒေါ်ကြီးက ငါကိုတွေ့တိုင်း အိမ်လခဘယ်တော့ပေးမှာလဲ ၊ အခုထိ မပေးသေးဘူး ဘာညာနဲ့ ငါမှာ အိမ်ထဲကအိမ်ပြင်တောင်မထွက်ရဲဘူး"
သူမှာသာ စိုးရိမ်ပူပင်သောစိတ်နဲ့ပြောနေသော်လည်း ဒေါ်ခြူးရတီကိုကတော့ တုန်တုန်မျှမလှုပ်ရဲ။ ပြောရတဲ့သူက စိတ်မော ၊ လူမော ဖြစ်ရသည်။ တော်တော်အေးဆေးနေနိုင်တဲ့ ခြူးရတီကို။ မနေ့ကတောင်စိတ်လှုပ်ရှားတဲ့သူက ဒီနေ့ကျမှ ဘာလို့ စိတ်အေးလူအေးဖြစ်နေရတယ်ဆိုတာ သူ တွေးလို့မရပေ။
"ကို နင်ဘာလို့အေးဆေးဖြစ်နေရတာလဲ"
"ဒီနေ့က ဘာနေ့လဲ"
အမေးတစ်ခြား ၊ အဖြေတစ်ခြား ဖြစ်သည်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်မည်။
"26ရက် မနေ့က 25ရက် ငါတို့ဖောင်ဖြည့်တာက မနေ့ကလေ ဘာလို့လဲ"
"အခုဘယ်အချိန်လဲ"
"ကိုရယ် လိုရင်းတိုရှင်းပဲပြောပါတော့လား"
"ခြယ် နင်ကလေ အရင်လိုစိတ်မရှည်တုန်းဘဲ"
"အလုပ်နဲ့ပတ်သက်ရင် ငါဘယ်တုန်းက စိတ်ရှည်ဖူးလို့လဲ ကိုရာ ပြောပါဟ"
သနားဖွယ်ရာမျက်နှာနဲ့ ပြောလာသော ခြယ်ကြောင့် စချင်စိတ်တို့ တစ်ဖွားဖွား ဖြစ်ပေါ်လာသည်။ လူစိတ်ဆိုတာ အဲ့လိုပါပဲ။ မစနဲ့ဆို စလိုက်ရမှ ကျေနပ်တဲ့သူမျိုးပေ။

VOCÊ ESTÁ LENDO
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Romanceခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........