"ကိုရေ ကို"
"လန့်လိုက်တာ ခြယ်ရယ် ဖြည်းဖြည်းပြောပါဟ"
"ငါနင်ကို ဟိုနေ့ကပြောတဲ့ Company လေ မှတ်မိလား"
"မှတ်မိတယ်လေ အဲ့တာဘာဖြစ်လို့လဲ"
"အဲ့ဒါ အလုပ်ခေါ်စာတင်ပြီ 25ရက်နေ့မှ Form ဖြည့်ရမယ်တဲ့ interview ကတော့ သူတို့ဖုန်းဆက်မယ်တဲ့ နင်သိလို့ရအောင် ငါလာပြောတာ"
"အင်ပါ ငါစဉ်းစားလိုက်မယ် အခုတော့ အလုပ်သွားလုပ်တော့"
ခြယ် အသံတိတ်သွားတော့ အလုပ်လုပ်နေမှန်းသိလိုက်သည်။ ခြယ် အပြောကို သူ(မ) သေချာစွာ စဉ်းစားမိသည်။ သူ(မ) ဒီလိုပုံစံနဲ့ဆက်သွားလျှင် မကြာခင် ကျန်မာရေးထိမည်။ ကျန်မာရေးမကောင်းတာကိုတော့ သူ(မ) မဖြစ်ချင်။ နေထိုင်မကောင်းဖြစ်လျှင်
ပင်ပန်းလှသည်။ လုပ်ချင်တိုင်းမလုပ်ရ ၊ နေချင်သလို နဲ့ မနေရ။ နဂိုတည်းကမှ အိပ်ရေးအပျက်များတဲ့ သူ(မ)ဖို့ နေထိုင်မကောင်းဖြစ်ဖို့လွယ်ကူလှသည်။ ဒါကြောင့်မို့ ဒီအလုပ်တွေကထွက်ပြီး ခြယ်ပြောတဲ့ Company က interview ရအောင်ဖြေမည်ဟု တွေးမှတ်ထားလိုက်သည်။အပြင်ဘက်မှာ နေရောင်ခြည်သည့် လူသားတိုင်းကို အနွေးဓာတ်များပေးစွမ်းနေပြီး ဆောင်းရာသီ၏ အအေးဓာတ်များက လူသားတွေကိုအအေးဓာတ်များပေးနေသည်။ အအေး နဲ့ အပူသည့် သူထက်ငါ သာအောင် ပြိုင်နေကြသည်။ ကို ရဲ့ စိတ်သည်လည်း နေရောင်ခြည်လိုနွေးထွေးကြည်သာနေ၏။
ကို့စိတ်က သာယာနေသလို တစ်ဖက်က ကောင်မလေးတစ်ယောက်၏ စိတ်သည်လည်း အေးချမ်းဖို့နေနေသာသာ အသက်တောင်ဘယ်နားကနေရှူရမလဲမသိအောင် အလုပ်ရှုပ်နေလေသည်။ မနက်ခင်းက သူ သူဌေး ဖုန်းဆက်ပြီးတည်းက အလုပ်ရှုပ်နေတာအခုချိန်ထိပင်။ အနားနီးမှ အလုပ်တွေကိုခိုင်းသော သူဌေးကိုလည်း မကျေနပ်ပါ။ တကယ့်ပါ သူကိုယ့်တိုင်ကျ ဘာမှမလုပ်ဘဲ သူများကိုပဲခိုင်းနေတာ တော်တော်ကောင်းတဲ့သူဌေး။
အလုပ်လုပ်နေရင်း သူဌေးကိုစိတ်ထဲကနေသာ ကျိန်ဆဲနေလိုက်သည်။ အပြင်မှာထုတ်ပြောရင် သူအလုပ်ပြုတ်မှာမို့ အပြင်မှာထုတ်မပြောရဲပေ။

ESTÁS LEYENDO
နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)
Romanceခြူးရတီကို ဆိုသူကလေးငယ်ဟာ ဆောင်းပျိုမေရဲ့ နှလုံးသားထဲက ဘယ်တော့မှမညိုးနွမ်းတဲ့ အချစ်ပန်းလေးတစ်ပွင့်ပါ........