Chapter 0

2.2K 77 3
                                    

Uni

"ယနေ့ ရာသီဥတုအခြေအနေမှာတော့ .... "

နေမပူသလို မိုးလည်းမရွာပဲ တိမ်တွေအုံ့ဆိုင်းပြီး အနည်းငယ် မှိုင်းညို့နေတဲ့ ရာသီဥတုဟာ ပုံမှန်ဆို သာယာတယ် ဆိုရပေမဲ့ တစ်ရပ်တစ်နေရာမှာတော့ ကံဆိုးမှုတွေကို အပြည့်အဝဖော်ကျူး နေသလား မှတ်ရလောက်ပါတယ်။

"ဖေဖေ ရယ် မီး တောင်းပန်ပါတယ်။ မီးကို မထားခဲ့ပါနဲ့. မီးသူများတွေနဲ့ မနေတတ်ဘူးလေနော် ။ မီး တောင်းပန်ပါတယ် "

ငိုယိုပြီး အဖေ ဖြစ်သူကို မထားခဲ့ဖို့ တောင်းဆို နေတဲ့ ကလေးမလေးဟာ အင်မတန်မှ အရွယ်ငယ်လွန်းလှပါတယ်။

ဒီမြင်ကွင်းဟာ မြင်ရသူအပေါင်းကို ရင်စို့စေတယ် ဆိုပေမဲ့ ခင်လေးကတော့ ဒီ မိဘမဲ့ ဂေဟာ ကြီးမှာ စေတနာ့ဝန်ထမ်း အနေနဲ့ဆရာမ လုပ်လာတာ အိမ်ထောင်ကျ
ကထည်းကဆို ကြာလှပြီမို့ နားလည်သလောက်ရှိနေပါပြီ။

အရှိုက်တငင် ငိုနေတဲ့ ကလေးမလေး အနားမှာ ထိုင်ချလိုက်ပြီး ပုခုံးလေးကို ပွတ်ကာ အသာအယာ ချော့မြူနေခဲ့မိတယ်။

"သမီးလေးရေ ဖေဖေ က ပြန်လာမှာလေကွယ်။ အပြင်သွားမလို့ ခဏထားခဲ့တာပါ ။ တီတီတို့ နဲ့ ခဏနေလေနော် ပြန်လာမှာပါ "

"ဟုတ်တယ်လေ သမီး‌လေးရဲ့ ဖေဖေ ပြန်လာ……"

" *ကိုသု!* မဟုတ်တဲ့ မျှော်လင့်ချက်တွေ လိုက်ထည့်မပေးပါနဲ့ ။ သံယောဇဉ် အရှုပ်အရှင်းတွေ ကျွန်မ မလိုချင်ဘူးလို့ ‌ပြောခဲ့တာပဲ မဟုတ်လား"

ခင်လေး ဒေါသထွက်မိသွားတယ်။ ကလေးရဲ့ မိထွေးဖြစ်သူမှန်း သိပေမဲ့ အဖေလုပ်သူက သားသမီးအရင်းကိုတောင် စွန့်ပစ်နေပြီးပဲ။ နှုတ်ဆက်စကားလေးတော့ ပြောခွင့်ပေးသင့်တယ်လေ။ 

"ဒီမှာ အမရေ ကလေး အရှေ့မှာတော့ ဒီလိုမပြောသင့်ဘူး ထင်ပါတယ် ။ ကလေးက အရမ်းငယ်သေးတယ် ။ ပြီးတော့ ဒီဘက်ကလည်း အဖေဖြစ်သူ‌ပဲလေ သားအဖ သံယောဇဉ်ကတော့ ရှိတာပေါ့ရှင့် "

ခင်လေးက ဦးကိုသု ကို ရည်ညွှန်းပြီးပြောပြသည်။ ထို‌နောက်မှ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထား တဲ့ အဲ့ဒီ့အမျိုးသမီးဟာ မဲ့ကာ ရွဲ့ကာနဲ့ တစ်ဖက်လှည့်သွားတော့သည်။

Candy?Where stories live. Discover now