Uni
Years ago
"ဒယ်ဒီ ဘာလို့ အဲ့မိန်းမကို ယူဖို့လိုမှာလဲ သမီးလုံးဝ သဘောမတူနိုင်ဘူးနော် "
ငွေရောင် ဆံပင်တောက်တောက်ကို Ponytail လေးစည်းထားတဲ့ ခပ်ငယ်ငယ်ကလေးမလေးတစ်ယောက်ပေါ့။ အနောက်တိုင်း မျက်နှာပေါက်နဲ့ သူမဟာ မြန်မာလိုရော English လိုပါ ကောင်းကောင်းပြောတတ်တာပေါ့။
"မာမီက လွဲပြီး ကျန်တဲ့ ဘယ်လောက်ထိ မြင့်မြတ်နေပါတယ် ဆိုတဲ့ မိန်းမ ဆိုနေပါစေ အမေ မတော်နိုင်ဘူး ရှင်းလား? "
"နှင်းခက်သစ်လွင်! "
"ဘာလဲ !? သမီးကို လာအော်မနေနဲ့ ။ လာလည်းမခေါ်နဲ့ ။ just leave me alone!! "
အုန်း !
တံခါး စောင့်ပိတ်ပြီး ပြန်ထွက်မလာတော့တဲ့
နှင်းခက်ကို ဦးသစ်လွင် ဖြေရှင်းချက်မှ မပေးမိပါ။ သမီးဖြစ်သူစီက ခွင့်ပြုချက်တောင်းနေတာ မဟုတ်ပဲ သိစေချင်ရုံမှ ပြောပြရုံဖြစ်တာကြောင့်ပင်။အမေ မရှိတော့တဲ့ နှင်းခက် ဟာ အရွယ်နဲ့ မလိုက်တဲ့ မာန လည်းရှိနေပြန်တယ်။ သူ့အမေက လွဲပြီး ဘယ်သူ့ကိုမှ အမေမတော်ချင်ခဲ့ဘူး။ ထပ်လည်းမလိုချင်ဘူး။ အဲ့တော့ လက်ထပ်ပြီး နောက်ပိုင်း အဖေဖြစ်သူကိုပါ ဒယ်ဒီလို့ တစ်စက်မှ မခေါ်တော့ဘူးလေ။
"What's wrong with your face? "
"Nothing"
ကျောင်းကပြန်လာတိုင်း အသားမှာ ဒဏ်ရာတစ်ခုမဟုတ်တစ်ခုပါလာတယ်။ ရန်တွေဖြစ်တယ်။ နောက်ဆုံး ကျောင်းအုပ်ဆရာကြီးကပါ ခေါ်တွေ့ရတဲ့အထိပေါ့။ ဦးသစ်လွင်လည်း ဆက်သည်းမခံနိုင်တော့ဘဲ တစ်ရက်တော့ သားအဖ နှစ်ယောက် ရန်ဖြစ်ကြတယ်ပေါ့လေ။
စကားအခြေအတင်ဖြစ်ပြီး နောက်ပိုင်း
နှင်းခက် ဘက်ကပဲ အခွင့်အရေးအနေနဲ့ အပေးအယူတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့။ ကလေးမရနိုင်တဲ့အခြေအနေနဲ့ မိထွေးရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး …"ကျွန်မ နှိပ်ဆက်တိုင်း ခံမဲ့ လူတစ်ယောက် ကို မွေးနေ့လက်ဆောင် အနေနဲ့ ပေးနိုင်ရင် ဒီဆက်ဆံရေးကို ထပ်ပြီး မနှောက်ယှက်တော့ဘူး "
YOU ARE READING
Candy?
Fantasy"သကြားလုံးမကြိုက်ပဲ ဘာလို့ သကြားလုံးစားနေတာလဲ " "တစ်စုံတစ်ယောက်ကို အလွမ်းဖြေဖို့ " "တော်တော်လွမ်းနေတယ်လား? " "အင်း တော်တော် လွမ်းတယ် " Friends to lovers ဇာတ်လမ်း လေးတစ်ပုဒ်ဖြစ်ပါတယ်။