Chapter 8

559 41 5
                                    

Uni

"ဟေး င်္ခြသေ့မလေး ဘယ်လိုလဲ အဆင်ပြေခဲ့ရဲ့လား ? "

အဖေ့ရဲ့ မေးခွန်းတောင် မဖြေနိုင်တော့ပဲ အခန်းထဲသာ တန်းဝင်ခဲ့လိုက်မိတော့သည်။ စိမ့်စမ်း ကို ပြောလိုက်မိတယ်ဆိုတာကလည်း ဒေါသထွက်ပြီး လွှတ်ခနဲ ပြောမိသွားတာ။ အမှန်တော့ အလောတကြီး ပြုမူမိတဲ့ ကိုယ့် အပြစ်တွေပဲ မဟုတ်လား?

မျှော်လင့်ချက်ရောင်ခြည် တစ်ခုလေးတော့ လိုချင်သေးတယ်။ မပိုင်ဆိုင်ရရင်တောင် ခင်မင်ခွင့်လေး မဆုံးရှုံးဖို့ပေါ့။ သေချာစဉ်းစားကြည့်တော့လည်း ဒါက တစ်ချိန်လုံး လိမ်ထားလို့ ရတာမှ မဟုတ်ပဲကို။

ဘရဏီက အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်သူ မဟုတ်ပါရောလား? အရာရာကို အကောင်း ဘက်က ဖြည့်တွေးနိုင်လွန်းတဲ့ ကိုယ့်ကိုကိုယ် တစ်ခါတစ်လေတော့လည်း မုန်းမိတယ်။

အများကြီးတွေးနေရင်လည်း ဦးနှောက်ပန်း တာပဲ အဖက်တင်မှာမို့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးကာ လက်ရှိအရေးကြီးနေတဲ့ စမေးပွဲကိုသာ အာရုံစိုက်ပြီး စာလုပ်ပါတော့တယ်။

…………………………

"တိမ်ဝဿန် ငါ အဲ့ဒီ့တစ်ယောက်နဲ့ နင်နဲ့ ပတ်သတ်မှုအားလုံးကို ငါသိချင်တယ် "

ထမင်းစားပွဲဝိုင်းမှာ နှင်းခက် ထပြောခြင်းဖြစ်သည်။ ဦးသစ်လွင်လည်း ရှိနေပေမဲ့ ဘာမှတော့ ဝင်မပြော။ 

"မမ အခုက…"

"ပြီးရင် ငါ့အခန်းထဲ လာခဲ့ "

ပြောစရာရှိတာ ပြောပြီးတာနဲ့ စားပွဲမှ အရင်ဆုံးထ သွားတော့သည်။ ဝဿန်လည်း ခဏအကြာမှာတော့ အနောက်က လိုက်သွားပြီး စားပွဲဝိုင်းမှာ ဦးသစ်လွင်တစ်ယောက်ပဲ ကျန်ခဲ့တာပေါ့။

…………………………
…………………………

"မမ? "

"အင်း လာထိုင် "

ဝဿန်ရောက်လာတော့ နှင်းခက်ဟာ သူဆွဲလက်စ ပန်းချီကားကို ပိတ်ဖြူစနှင့်အုပ်လိုက်သည်။ ဘာပုံလဲတော့ ဝဿန် မမြင်လိုက်ရပါ။

"ငါအကုန် သိချင်တယ်နော် "

"ဟုတ် "

"အေး အပ်ကျတာတောင် မချန်နဲ့ အကုန်ပြော "

Candy?Where stories live. Discover now