Chapter 12

538 39 2
                                    

Uni

"အမလေး ဘရဏီ့ကို ရသွားပြီးကထည်းက ပျောက်သွားလိုက်တာ အမတော် "

စိမ့်စမ်း ကျောင်းနယ်မြေထဲ ရောက်သည်နှင့် သူမရဲ့ သူငယ်ချင်းလို့ ယူဆရတဲ့ မိန်းကလေးတစ်ဦးက စနောက်လာသည်။ သူတို့ကြောင့်လည်း ပါတယ်။ အဲ့ဒီ့ရက်ကဟာ စိမ့်စမ်း သူတို့စီကို ရင်ဖွင့်လို့ရခဲ့မယ်ဆို
နှင်းခက်စီ ဖုန်းဆက်ခဲ့စရာ အကြောင်းမရှိဘူး မဟုတ်လား?

မကမ်း မလှမ်းက နာမည်တစ်ခုကို ကြားလိုက်တာကြောင့် ဘရဏီ အဲ့ဒီ့လူသား ရှိတာစီ ချက်ချင်းအကြည့်ပို့မိသည်။ အားနာသလို ကြည့်နေတဲ့ သူမစီ ခြေလှမ်းသွက်သွက်တွေနဲ့ လှမ်းသွားလိုက်ပြီး နှစ်ယောက်တည်း သီးသန့် စကားပြောနိုင်မဲ့ နေရာသို့ ဆွဲခေါ်သွားတော့သည်။ ပတ်ဝန်းကျင်က လှောင်ပြောင်မှုတွေတောင် အရေးမစိုက်နိုင်ပဲပေါ့။

ကျောင်းအနောက်ဘက် လူရှင်းတဲ့နေရာရောက်တော့ မှ ဘာတစ်ခွန်းမှ မပြောပဲ ဒီအတိုင်းလိုက်လာတဲ့ လူရဲ့လက်ကို လွှတ်ပြီး အမှန်တရားကို ပြောတာ ဟုတ်မဟုတ်သိသာစေရန် မျက်လုံးချင်း စုံလိုက်တော့သည်။

"စိမ့်စမ်း? ငါ့ကို မဟုတ်ဘူးလို့ ပြောစမ်းပါ ။
နှင်းခက်သစ်လွင် အကွက်စင်ပြီး လျှောက်ပြောတာ မဟုတ်လား ? "

တစ်ဖက်လူက ဘာမှပြန်မဖြေတဲ့ အပြင် မျက်ရည်တွေပါ ကျလာတာကြောင့် ဘရဏီ သူထင်သလို ဖြစ်မနေဖို့သာ ဆက်တိုက်ဆုတောင်းနေခဲ့မိတယ်။

"မငိုနဲ့လေဟာ ငါမေးတာဖြေ နင်မပြောခဲ့ဘူး မဟုတ်လားလို့ ဘာလို့ ပါးစပ်ပိတ်နေတာလဲ!? "

"ငါပြောခဲ့တယ် "

ဘရဏီ အရုပ်ကြိုးပြတ်သလို မျက်မှောင်တွေ စုပြီး နားမလည်နိုင်သလို ကြည့်နေခဲ့မိတယ်။ အမှန်ဆိုတာလည်း သူ့ပါးစပ်က ထွက်တာတောင် မယုံနိုင်ခဲ့ဘူး။

"စိမ့်စမ်း နင်… မနောက်ပါနဲ့ဟာ "

"ငါပြောခဲ့တယ်လို့ ! အဟင့် ။ ငါပြောခဲ့တယ် ။ နင်ငါ့ကို ကြိုက်နေတာလို့ ငါ့သူငယ်ချင်းတွေကို အကုန်ပြောခဲ့တယ်။
နှင်းခက်သစ်လွင်ကိုလည်း နင့်ကို လိုချင်တယ်။ ရဖို့ ဘာမဆိုလုပ်ပြီး ကူညီပါလို့ ငါပြောခဲ့တာ။ ငါပြောခဲ့ပါတယ် ဘရဏီရယ် ငါပြောခဲ့ပါတယ်။ တောင်းပန်ပါတယ် "

Candy?Where stories live. Discover now