Chapter 17

671 44 3
                                    

Uni

ဝဿန် မရောက်တာ ကြာပြီ ဖြစ်တဲ့ ဒီဂေဟာလေးရဲ့ အရိပ်ကို တစ်ဖန်အခြေချခဲ့သည်။ အချိန်ကောင်းတော့ မဟုတ်ခဲ့ပေ။ ဤနေရာကို မျက်ရည်ကျမတတ် လွမ်းခဲ့ဖူးသည်။ ပြောင်းလဲသွားတာရယ်လို့ သိပ်မရှိသည့် ထိုနေရာလေးကို တမေ့တမော ငေးကြည့်နေမိသည်။

"ဟယ် သမီး.. "

ရင်းနှီးတဲ့ အသံကိုကြားလိုက်တာမို့ ဝဿန် လှမ်းကြည့်လိုက်မိသည့်အခါ…

"တီတီခင်လေး ! "

"‌အမလေး သမီးရယ် နေရောကောင်းရဲ့လား? နေရဝာာ အဆင်ပြေရဲ့လား? သမီးကို အနိုင်ကျင့်ကြသေးလား ? "

ဝဿန့် လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်ကာ မေးလာသည်။ မေးခွန်းတွေကလည်းစုံနေရော။ သို့ပေမဲ့ ဝဿန်အမှန်တိုင်းမဖြေချင်။ အကုန်လုံးဟာလည်း ကိုယ်ငယ်ရွယ်တုန်းက အတိတ်ဟောင်းတွေဖြစ်ပြီး အရွယ်ရောက်လာတော့ နှိပ်ဆက်တာမျိုးမှ မရှိတော့တာကို။

"တီတီ့ကို မေးရမှာလေ။ မီး အားလုံးအဆင်ပြေတာပေါ့။ ဘရဏီ နင် မပြောပြဘူးလား ? "

"ပြောပြတယ်လေ။ ဘာမှမဟုတ်ဘူး သိပြီးသားကို အကဲပိုနေတာ "

"ဟယ် ဒီကလေး ငါရိုက်လိုက်ရ.. "

ရိုက်လိုက်ရသာ ပြောတယ် လက်ဖဝါးတစ်ဖက်က ဘရဏီ့ လက်မောင်းပေါ် ဖြန်းခနဲ ကျပြီးပြီ။ အသုဘ ရှိတယ်လို့တောင် ထင်ရပါ့မလား။ အကုန်လုံးဟာ သူ့ဟာနဲ့သူ အဆင်ပြေနေကြတာကြီးပဲ နည်းနည်းတော့ ထူးဆန်းတယ်။

ဒီလိုနဲ့ အသုဘ ချတဲ့ရက်ရောက်လာခဲ့တယ်ပေါ့လေ။ ထိုအခါမှ မျက်ရည်နဲ့ သူ‌တွေကိုတွေ့ရတော့တယ်။ ကလေးတွေကိုတော့ နေရာကောင်းမဟုတ်၍ လိုက်ခွင့်မပေး။

"အဖွားက ခဏခဏ မှာတယ်။ သူသေရင် မငိုပါနဲ့တဲ့။ တမလွန်ကို ဖြတ်ပြီး နောင်ဘဝကို ကူးနဲ့အချိန် အပူသံတွေ မကြားချင် မမြင်ချင်ဘူးတဲ့လေ။ သူသေလို့ ငိုတာက သူ့ကို ပူလောင်စေတဲ့ အပြင် ဘာမှမပိုဘူး။ လို့ အမြဲပြောတယ်။ "

တကယ်လည်း အဘွားပြောတဲ့ စကားကို လိုက်နာကြပုံပါပဲ။ အချို့သူတွေသာ အနည်းကျဉ်းငိုပြီး တော်တော်များများမငိုကြ။ ဘရဏီတို့ အိသားစု အပါအဝင်ပေါ့။ ကြည့်ရတာ အဘွားကို တကယ်ချစ်ကြပုံပါပဲ။ မပူလောင်စေချင်လို့ မငိုတာပဲလေ။

Candy?Where stories live. Discover now