Chapter 16

589 38 11
                                    

❗This chapter may contain some sexual senses. Warning for readers under 16 .❗

Uni

"ငါ့ကို သတ်လိုက်တော့ "

"တကယ်လား"

နှင်းခက် အသံပြတ်ပြတ်နှင့်မေးလိုက်သည်။ လေတိုးသံ တစ်စိုးတစ်စိတောင် မကြားရပါပဲ လေထုသည် အလွန်အေးစက်လျှက်ရှိနေသည်။ သို့သော် စိမ့်စမ်းတွင် တုန်လှုပ်ခြောက်ခြားခြင်း အလျဉ်းမရှိ။

"အင်း သတ်လိုက် "

ထိုအခါမှ နှင်းခက်သည် စိမ့်စမ်း လက်ကိုလွှတ်ကာ အနီးအနားက ကုတင်ပေါ် ထိုင်ချပြီး လှောင်ရိပ်သန်းသန်း ရယ်နေလေ၏။

"စိမ့်. မင်းသေချင်တိုင်း သတ်ပေးရလောက်အောင်အထိ ငါသဘောမကောင်းဘူး "

"ဒါဖြင့် ဘာလို့ ငါ့ကို ခေါ်ခဲ့သေးလဲ။ နင်လိုလူမျိုးက ဒုက္ခပေးဖို့က လွဲပြီး ငါ့ကို သတိရမဲ့သူမျိုးမဟုတ်ပါဘူး "

"မှန်တာပေါ့ . ဘရဏီ့ကို တားစရာနည်းလမ်းက နင်ပဲ ရှိတာလေ "

စိမ့်စမ်း ၏ အကြည့်စူးစူးတွေ ဝိုင်သောက်နေတဲ့ နှင်းခက်စီ တန်းခနဲရောက်သွားတော့သည်။

"နင်တို့ဘာသာ နင်တို့ ဘယ်လိုပဲလုပ်လုပ်ငါနဲ့မဆိုင်ဘူး။ ငါ့ကို ဆွဲမထည့်နဲ့ ။ ဘာလို့အဲ့လောက် ယုတ်မာနေရတာလဲ နှင်းလက်သစ်လွင်? ဟမ် တိမ်ဝဿန်လည်း သူ့ဘဝနဲ့ သူပျော်ပါစေတော့လား? လွှတ်ထားလိုက်တော့ ဘာများ ထူးထူးခြားခြား ပြောင်းလဲသွားမှာမလို့လဲ "

နှင်းခက် သက်ပြင်းချလျက်။ ခပ်စိမ်းစိမ်းပြုံးလိုက်သည်။ ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး လိုက်ကာစတွေနား သွားရပ်တော့ လေတွေက တဝေ့ဝေ့။

"အသွေးအသားက တောင့်တတဲ့ ဆန္ဒက လွန်ဆန်ဖို့ ခက်ခဲတယ် အချစ်ရဲ့ " ‌

"အသွေးအသား ဆန္ဒ? အဟက်
နှင်းခက်သစ်လွင် ကိုယ့်ညီမကိုယ် ပြန်ကြိုက်မဲ့အစား ငါ့ကို စမ်းကြည့်ပါလား "

ဇက်ဇက်ကြဲ သွက်သွက်လေး။ အကြောက်
အရွံမရှိ ရဲတင်းတဲ့ အပြုအမူတွေဟာ နှင်းခက် အကြိုက်ပုံစံတော့မဟုတ်။

"တိမ့်ဝဿန့် နေရာကို အစားထိုးဖို့တောင်းဆိုနေတာလား "

ဝိုင်နီ တွေဟာ စိမ့်စမ်း ရင်တွင်းတစ်ခုလုံးကို ပူဆင်းသွားအောင်အထိ စွမ်းဆောင်နိုင်သည်။ ရီဝေဝေအကြည့်တွေ ကော့ဆင်းနေတဲ့ မျက်တောင် ထူထူနက်နက်တွေ။ မထူမပါး နှုတ်ခမ်းဖျားလေးက ပြုံးယောင်လေး သန်း လိုက်ရင်ကိုပင် မိန်းမချင်းတောင် စွဲမက်ဖွယ်။

Candy?Where stories live. Discover now