Chapter 6

569 42 2
                                    

Uni

"မမ ဘရဏီ ? "

"ဟင် ? အာ.. ပြောလေ ညီမလေး  "

ဘရဏီ ဂေဟာရောက်ပြီး ဝဿန်နဲ့ ထိုင်နေကြ သစ်ပင်အောက်လေးမှာ အတွေးမျိုးစုံနဲ့ ထိုင်နေခဲ့မိတယ်။ ကလေးမလေး တစ်ယောက်လာ မခေါ်ခင်အထိပေါ့ ။

"မမ နေမကောင်းဘူးလားဟင် "

"ကောင်းပါတယ် ညီမလေးရဲ့ "

ဘရဏီ့ရင်ထဲ တကယ် နေမကောင်းပါ။ ကိုယ့်ရဲ့ ဝေခွဲ မရတဲ့ ခံစားချက်တွေကြောင့်ဖြစ်လိမ့်မယ် လို့အသေ အချာတွေးနေမိတယ်။ မသေချာတဲ့ အရာကို အပိုင်တွက်ပြီး မလုပ်ချင်ဘူး။

"မမ မီးကို ဟိုးတစ်ပတ်က ပုံပြင်လေး အဆက်ပြောပြအုံးလေ ။ မင်းသမီးလေးက ကိုယ်ရံတော်လေးကို ထားမသွားဘူး ပြောပြီးတော့ ဘာဆက်ဖြစ်သွားတာလဲဟင်? "

ကလေးမလေးရဲ့ အမေးအနောက်မှာ ဘရဏီ အရာတစ်ခုကို အမှတ်ရသွားခဲ့တယ်။

………………………

Years ago

"ဘရဏီ နင့်သွားလေးတွေ တော်တော် ရှည်လာပြီးနော် "

"ဟုတ်ကျယ် မကြာရင် အရင်လို ပြန်ဖြစ်ရော့မှာ (ဟုတ်တယ် မကြာခင် အရင်လ်ု ပြန်ဖြစ်တော့မှာ)"

ဘရဏီ နဲ့ ဝဿန်လေး ထိုင်နေကြ သစ်ပင်အောက်တင်ပဲ ထိုင်တော့နေကြတုန်းကို ကားတစ်စီး ဝင်လာခဲ့သည်။

အထဲက အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ထွက်လာတာ မြင်လိုက်ရပြီး သူတို့ကို ခင်လေးက သပြေအဆောင်စီ ခေါ်သွားကြသည်။

"ထပ်ပြီး မွေးစားဖို့ လူတွေ ရောက်လာကြတာပဲ"

ဘရဏီ တို့လည်း မသိဖာသာ နေလိုက်ကြပြီး လုပ်စရာရှိတာ ဆက်လုပ်နေကြတယ်။ ဒါပေမဲ့ ခဏအကြာမှာ ဆရာမကြီးရော
ခင်လေး အပြင်တခြား teachel တစ်ယောက်ပါ ဘရဏီတို့ အရွယ်လေးတွေအကုန် ပိတောက်အဆောင် ကို လာခိုင်းတာကြောင့် ဝဿန်လေးပါ လိုက်သွားရတော့တယ်။

ဘရဏီလေးက စိုးရိမ်စိတ်က အနောက်က လိုက်ကြည့်တာပေါ့။

"ကျွန်တော်တို့က မကြာခင် America ကိုပြန်မှာပါ။ ဒီကို အလည်ပြန်လာရင်း သမီးလေးက ညီမလေး လိုချင်တယ် ဆိုလို့ ပြီးတော့ ကျွန်တော့ အမျိုးသမီးက …."

Candy?Where stories live. Discover now