Chapter 7

573 42 0
                                    

Uni

'မိတ်ဆွေ ခေါ်ဆိုသော ဖုန်းနံပါတ်မှာ တပ်ဆင်ထားခြင်းမရှိပါရှင် ……'

"အာ… shit "

ဟိုတစ်ရက်ကလေးတင် ခေါ်လို့ ရနေတာကို ဘာလို့ တပ်ဆင်ထားခြင်း မရှိပါလို့ ပြောနေရတာလဲ။

ဘရဏီ တူညီတဲ့ နံပါတ်ကို ကြိမ်ဖန်တလဲလဲ ဆက်နေသော်လည်း အဖြေကတော့ ထိုနည်းလည်းကောင်းပါပဲ။ အခုသွားမယ်ဆိုလို့
ဦးအညက ကားယူသွားခိုင်းပြီး လက်တစ်ဖက်ကလည်း ကားမောင်းနေရင်းမို့
ဘရဏီ့ မှာ အပူနှစ်မျိုး။

ဘယ်စီဘယ်ဝါ နေမှန်းမသိတာကြောင့်
ဘရဏီ့ မှာ ကုမ္ပဏီ လိုက်သွားရုံကလွဲပြီး ကျန်တဲ့နေရာမတွေးတတ်တော့။ အဲ့ဒီ့မှာမှ မရှိရင် ရှာပုံတော် မင်းသား လို ဖြစ်တော့မည်မှာ မလွဲ။ ရုတ်တရတ် တင်လာတဲ့ ဖုန်းကြောင့် ပျော်သွားခဲ့ပေမဲ့ contact name ကြောင့် မကိုင်ပဲ ပစ်ထားလိုက်တော့သည်။

………………………

'မိတ်တွေခေါ်ဆိုသောဖုန်းနံပါတ်မှာ ပြန်လည် ဖြေကြားခြင်း ti ……'

"စိမ့်စမ်း နင်မလာသေးဘူးလား ဘာလုပ်နေတာလဲ ? "

"အေး ငါ ဘရဏီ့ကို စောင့်လိုက်အုံးမယ် သွားနှင့်ကြ "

ဒီနေ့ကျောင်းက practical ပွဲတစ်ခုကို လေ့လာရေး ဆင်းရမှာဖြစ်ပြီး ထိုပွဲသည် စာမေးပွဲအတွက် အရေးကြီးသည်။ သို့သော် ဘရဏီ က အခုထိ ရောက်မလာသေးတာကြောင့် စိမ့်စမ်း ပါ မသွားပဲ စောင့်နေခဲ့မိသည်။ အချိန်ကို လေးစားတတ်သူ မဟုတ်ပါရောလား?

ဘရဏီရေ နင်ဘယ်တွေ ရောက်နေတာလဲ ?

………………………

Beeping..

ဟား .. စိမ့်စမ်းရယ် ဘာတွေများ အဲ့လောက် အရေးကြီးနေတာလဲ ?

"Hello "

'ဘရဏီ ‌နင် ကျောင်း…'

"အေး ကားမောင်းနေလို့ နောက်မှ ပြန်ဆက်လိုက်မယ် "

'နေအုံး ! ဒီနေ့ practical ကွင်းဆင်းလေ့လာဖို့ ရှိတယ်လေ နင်မေ့နေတာလား ? '

"ဟမ် ? "

ဟုတ်သားပဲ။ ဘရဏီ လုံးဝ မေ့သွားခဲ့တယ်။ ပိတ်ရက် နှစ်ရက်စလုံးမှာ အတွေးက နေရာတစ်ခုထဲတင် စုနေခဲ့တာမို့ ကျန်တာ အကုန်မေ့သွားခဲ့တယ်။ စာမေးပွဲအတွက် အရေးကြီးတာ သိတယ် ဒါပေမဲ့ ထပ်ဆုံးရှုံးရမှာလည်း ကြောက်‌တယ်။ နောက်ဆုံးတော့လည်း ……

Candy?Where stories live. Discover now