Chapters 11

532 40 1
                                    

Uni

"ဟုတ်တယ် စိမ့်စမ်း ငါ နင်နဲ့ သူငယ်ချင်း ဘဝနဲ့ မကျေနပ်နိုင်ဘူး။ ငါနင်နဲ့ တွဲချင်တယ် "

နှင်းခက်မျက်နှာဟာ ဘယ်လိုနည်းနဲ့မှ ဖော်ပြလို့မရအောင် ပြုံးနေခဲ့တယ်။ စိမ့်စမ်းမျက်နှာမှာလည်း အံ့ဩမှုတွေအပြည့်။

ဆောင့်ကြောင့်ထိုင်နေရင်း ကနေ ထရပ်လိုက်တော့ ပင်ကိုယ်ရှည်တဲ့အရပ်က အနက်ရောင် style pant အောက်မှ ပင်ကိုယ်အတိုင်း။
ကောက်ကြောင်းအပြည့်နဲ့ ခန္ဓာကိုယ် ရှည်လျားတဲ့ ရွှေရောင် ဆံပင်တွေ ။

ကောက်ကျစ်ခြင်း နတ်ဘုရားမ တစ်ပါး အလား။စစ်ပွဲ တစ်ထောင်အောင်နိုင်ပြီးတဲ့ စစ်သူကြီးတစ်ပါးလို မိန့်မိန့်ကြီး ပြုံးနေခဲ့တာ။ အပြည့်မပွင့်တဲ့ မျက်လုံးတွေနဲ့ပေါ့။

"ကဲကဲ နမ်းလိုက်ကြပါအုံး "

"နှင်းခက်သစ်လွင်! "

ဘရဏီ ထိန်းမရတဲ့ ဒေါသကို အပြင်လွှတ်လိုက်မိတယ်။ ဘရဏီ ယူကျုံးမရ ပုံစံနဲ့ ဒေါသထွက်လေလေ နှင်းခက် အပြုံးတွေက ထင်ရှားလေလေပဲ။ အဲ့ဒါကြောင့် အတတ်နိုင်ဆုံးမြိုသိပ်နေခြင်း ခံသာ၍တော့ မဟုတ်။

"ရှက်နေရင်လည်း ထားပါ။ ကဲ အမအလုပ်ပြီးပြီနော် ညီမလေး ~ "

နှင်းခက်က စလို့ဦးတည်ပြီး လက်ခုပ်တီးပေးလိုက်တာ တခြားသူတွေကပါ ကယောင်ကတမ်း လိုက်တီးကြတော့သည်။ ထိုအထဲ ဟိုးဘက်တခြားလူတွေနဲ့ ခပ်လှမ်းလှမ်း အခန်းထောင့်ကျိုးကွေ့လေးမှာ ရပ်နေတဲ့ တစ်စုံတစ်ယောက်လည်း ပါနေခဲ့တယ်ပေါ့ ။

မဟုတ်ဘူး ဝဿန် ငါ့ကို အထင်မလွဲပါနဲ့ ။ လက်ခုပ်မတီးပါနဲ့။ အဲ့လို … အဲ့လို ခါးသီးတဲ့ အပြုံးတုတွေ မပြုံးပါနဲ့ဟာ။ ငါမခံစားနိုင်လို့ပါ။

ဘရဏီ မ‌ခံစားနိုင်တော့တဲ့အဆုံး အဲ့ဒီ့အနီရောင် အရိပ်ကလေးရှိရာသို့ ချက်ချင်းပဲ ခြေလှမ်းလိုက်တော့သည်။တခြားသူတွေကတော့ ဘရဏီ တစ်ယောက် ရှက်ပြေးပြီလို့ ထင်နေကြရုံပေါ့။  ထိုအခါ အဲ့ဒီ့အရိပ်ကလေးက ချက်ချင်းဆိုသလိုပဲ ထောင့်ချိုးနောက်ထဲ ပြေးထွက်သွားတော့သည်။

Candy?Where stories live. Discover now