Chapter 18 (final)

1.6K 56 5
                                    

Uni

An/ update အရမ်းကြာသွားတဲ့အတွက်အနူးအညွတ် တောင်းပန်ရပါတယ်။ ကျွန်တော် ဒါလေးကို ခွဲဖို့ အဆင်သင့်မဖြစ်သေးလို့ ခေါင်းမာပြီး ရှောင်နေခဲ့တာပါ။ အားလုံးကို အားနာရပါတယ်..။

……………………………

ဘရဏီ gym ရောက်သွားခဲ့ပါတယ်။

ကိုယ့်ကိုကိုယ် မွေးကထည်းက ဘယ်သူနဲ့မှ မတူအောင် ပြည့်စုံပြီးသားလို့ confident အပြည့်ရှိခဲ့တဲ့သူ့အတွက် gym ဆိုတာ တစ်သက်နဲ့ တစ်ကိုယ် သွားဖို့စိတ်ကူးတောင် မယဉ်ခဲ့ဖူးတဲ့ နေရာပါ။

သို့သော် trainer ကြောင့် တစ်ရက်တော့ အောင်မြင်ခဲ့ပြီ ဆိုပါတော့။

ဘာတွေ သိမ်ငယ်နေတာလဲ။ ဘယ်သူနဲ့ ယှဉ်ယှဉ်ကိုယ့်ကို ရွေးမယ်ဆိုတာ မသိသာနေဘူးလား? ဘာလို့ မဟုတ်တဲ့ ပေါက်ကရအတွေးတွေ ဝင်နေမိတာလဲ။ အကြိမ်ကြိမ်အဖန်ဖန် တွေးနေမိသော်လည်း မသိစိတ်က ဆုံးရှုံးရမှာ သိသိသာသာ ကြောက်နေခဲ့တယ်။

မတွေ့ရတာကြောင့်လဲပါတာပေါ့။ သူက အလုပ်တွေ ရှုပ်နေတော့ အချိန်ဖဲ့ပေးဖို့လည်း တစ်ကိုယ်ကောင်းဆန်ဆန်မပြောချင်ဘူး။ အဲ့ဒီ့အစား သူပင်ပန်းနေမှာ ဆိုပြီး ဖြည့်တွေးဖြစ်လိုက်တာများတယ်။

ချစ်တာကို။ သူခက်ခဲမဲ့ အရာတွေက ကိုယ့်ကြောင့်ရယ်လို့ မဖြစ်စေချင်ဘူး။

………………………

"Hello candy လေးအားပြီလား"

'ဝဿန် မရှိဘူးဗျ။ ခဏနေရင်တော့ ပြန်လာလိမ့်မယ်။ ဘယ်သူလို့ ပြောပေးရမလဲ '

ယောက်ျားတစ်ယောက်ရဲ့အသံ။ ဝဿန့်ဖုန်းကို ကိုင်ရအောင် သူက ဘာမို့လို့လဲ။ နာရီကြည့်မိတော့ ည ၈နာရီကျော်နေပြီ။ အဲ့ဒီ့အချိန်ထိ အလုပ်က လုပ်နေရတုန်းလား?

ဘရဏီ့ ခေါင်းထဲ အစီအစဉ်ချထားသလို မေးခွန်းတွေ အပြည့်။ သို့သော် လေသံမာမာနှင့်သာ တုံ့ပြန်လိုက်တော့သည်။

"ခင်ဗျား ဘယ်သူလဲ? "

'hello ဘရဏီရေ ခဏက အပြင်ခဏ ထွက်သွားမိလို့ '

ဘရဏီ့ မေးခွန်းအဆုံးမှာ အသံက အစောန လူအသံမဟုတ်တော့။ ကိုယ် ရည်ရွယ်ရာသူ အသံဖြစ်သွားသောကြောင့် သိချင်တာကို အချိန်မဆွဲပဲ မေးလိုက်တော့သည်။

Candy?Where stories live. Discover now