Chapter 10

591 34 3
                                    

Uni

On Sunday,

သကြားလုံးတွေကို အညီအမျှ ကလေးတွေစီဝေပေးပြီးနောက် ကလေးတွေ အလျှိုလျှို ထွက်သွားကြသည်။ သို့သော ထိုကလေးမတော့ မပါ။ အပြုံးပန်းဝေဆာနေတဲ့
ဘရဏီ့ကို ကြည့်ပြီး လူကြီး ဆန်ဆန်မေးခွန်းလေး တစ်ခုမေးလိုက်တော့သည်။

"မမဘရဏီ ပျော်နေသလိုပဲနော် "

"အဟ ပျော်တာပေါ့ ။ ဘာလို့ဆို မင်းတို့လေးတွေနဲ့ တွေ့နေရလို့လေ "

"ဟွန် ဟုတ်လည်းမဟုတ်ပဲနဲ့ မမဘရဏီ က မလိမ်တတ်ဘဲ လိမ်ပါပြီ ။ မှန်မှန်ပြော မင်းသမီးလေး ကြောင့်မဟုတ်လား ? "

ဘရဏီ ခေါင်း အောက်သာဆိုက်ပြီး သွားညှိစက်ကလေးတွေ ပေါ်အောင် ပြုံးရယ်လိုက်တော့သည်။ အဖြေစကား တစ်စုံတစ်ရာမကြည့်ပဲ နှုတ်ဖျားနားမှာ လက်ညှိုးလေးတေ့ရင်း

"ရှူး.. secret.. "

"အွန်အွန် "

ကလေးမလေးက ပါးစပ်ကလေးကို လက်သေးသေးလေးတွေနဲ့ အသာပိတ်ကာ ခေါင်းယမ်း ပြတော့သည်။ ပြီးတော့မှ နှစ်ယောက်စလုံး မျက်နှာချင်းဆိုင် ရယ်ကြပါတော့ သည်။

ညနေခင်းရောက်သော် ,..

"မေမေ သမီး ပြန်တော့မယ်။ အိမ်တော့ မဟုတ်ဘူး။ ဆိပ်ကမ်း ခဏ ဝင်အုံးမယ်။ စိတ်ပူနေမှာစိုးလို့ "

"ဟုတ်ပါပြီ မေမေ့ င်္ခြသေ့မလေး ။ မနက်ဖြန်အစွမ်းကုန် ချခဲ့ "

ဘရဏီလည်း ပိုင်ပါတယ် ဆိုတဲ့ မျက်နှာထားနဲ့ မေးငေါ့ပြလိုက်ပြီး အဘွားဖြစ်သူနဲ့ ကလေးတွေကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။

ဆိပ်ကမ်းဆိုတာ ဘယ်လိုနေရာမျိုးလဲ။ ကုန်သင်္ဘောအကြီးကြီးတွေ ဆိုက်ကပ်တဲ့နေရာမျိုးပေါ့။ မြစ်ကျယ်ကျယ်ကြီး လည်းရှိပြီး အဲ့ဒီ့ကနေ နေထွက်နေဝင် အလှအပကို အပြည့်အဝ ခံစားနိုင်တယ်လေ။

ဘရဏီ လူသွားလမ်းနဲ့ မြစ်ကို ခြားထားတဲ့ တစ်ဝက်သာရှိတဲ့ တံတိုင်းလေးအထက်က လက်ရန်းလေးပေါ် မှီရင်း နေမင်းကြီး နစ်မြုပ်သွားတဲ့အထိ ဆည်းဆာ ကို ခံစားနေမိတယ်။

သိပ်မှန်တာပဲ ဝဿန် နင်က ပင်လယ်ကြီးထက်ပိုတယ်။

……………………………

Candy?Where stories live. Discover now