Chapter 13

540 35 0
                                    

Uni

…တဖြည်းဖြည်းနဲ့ အချိန်တစ်ခုကို စောင့်မျှော်နေခဲ့တာဟာ ဒီနေ့ညရဲ့ ၁၂ နာရီကျော်လွန်လို့ နောက်တစ်ရက်ဆို June 26 ဖြစ်ခဲ့ပြီ။

ဝဿန် အခန်းထဲက နာရီလေးကို တကြည့်
ကြည့်နှင့် မိမိ အသက် ၂၀ ဖြစ်တော့မည်ကို စိတ်လှုပ်ရှားလို့နေသည်။ ဂုဏ်ပြုပေးမဲ့သူ ရယ်လို့တစ်သီးတစ်သန့်မရှိပေမဲ့လို့ပေါ့။
အဲ့ဒီ့အချိန်မှာ မဆီမဆိုင် တစ်စုံတစ်ယောက်ကို သွားပြီးသတိရမိတယ်။

သူရောမှတ်မိရဲ့လား? တောက်လျှောက်မျှော်နေခဲ့တာတောင် ဘာလို့ ဖုန်းလေးတစ်ချက်တောင် မဆက်သွယ်ရတာလဲ ဘရဏီရာ…။
ဟား ငါဘာတွေ မျှော်လင့်နေတာလဲ သူ့မှ သူချစ်ရတဲ့ မိန်းကလေးရှိနေပြီလေ။

ရုတ်တရတ် ဆိုသလို ထိုင်နေရင်း ခန်းစီး အနောက်က ကောင်းကင်ကြီးပေါ်ကနေ ကြယ်လေးတစ်လုံး ဆင်းသက်လာတာ တွေးမိတာကြောင့် အမြန်ဆုတောင်းမှုပြုလိုက်တော့သည်။

ဘုရားသခင်ရေ ‌မွေးနေ့လက်ဆောင်အနေနဲ့ သူ့ဘက်က ပြန်ဆက်သွယ်လာရင် ရပါပြီ ။

အတွေးတွေ လွန်ရင်း ဆုတောင်းမှုတွေ ပြုမိတာ ၁၂ နာရီ ဘယ်လိုထိုးသွားသလဲ မသိလိုက်ရပါ။ အချိန်ကွက်တိပဲ တံခါးခေါက်ခံကြောင့် ဝဿန် အပြေးအလွှားသွားဖွင့်လိုက်မိတယ်။

"……မ မ ? "

"Happy birthday ပါ တိမ်ဝဿန် "

တံခါးအရှေ့က မတ်တပ်ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လက်ထဲက ကိတ်မုန့်လေးကြောင့် ဝဿန် မျက်ရည်ကျရပြန်ပါတယ်။

"မမ မှတ်မိတယ်လား ? "

"အင်း … အထဲ ပေးမဝင်တော့ဘူးလား ? "

နှင်းခက် ၁၅ မိနစ်လောက်အလိုထဲက တံခါးအရှေ့မတ်တပ်ရပ်နေတာဖြစ်ပြီး တစ်ချိန်လုံး ကိတ်ကို လက်ထဲကိုင်ထားရတာမို့ တော်တော်လေး ညောင်းနေပြီ။ ကိုယ်တိုင်လဲ ဘာလို့ ဒီလိုတွေ လုပ်မိနေမှန်းမသိတော့။

"ဖယောင်းတိုင် မှုတ်ပြီး ဆုတောင်းလိုက်အုံး "

ပြောတဲ့အတိုင်း မျက်လုံးလေး မှတ်ပြီး စိတ်နှစ်ကာ ဆုတောင်းနေတဲ့ သူမ ရဲ့ မျက်နှာလေးကို အတိုင်းသား ငေးနေခဲ့မိတယ်။

Candy?Where stories live. Discover now