Chapter 3

753 48 4
                                    

Uni

A/n : I would like you to read this chapter with recommend songs those are below. (Sunroof) : (here with me) thanks.

"ဟီး ဟင်း ဟင်း ဟင်း "

ပုရစ်အသံတွေ ဆူညံနေတဲ့ ညလယ်ခေါင်ကြီး တစ်ခုမှာပေါ့ ။ ကိုယ့်ဘေးနားက လူတစ်ယောက်ရဲ့ အဆက်မပြတ်ညီးညူ သံတွေကြောင့် ဝဿန်လေး နိုးထလာခဲ့ရတယ်။

"ကြီးကြီး? ကြီးကြီး ဘာဖြစ်လို့လဲ ဟင် "

ဝဿန်လေး ဆရာမကြီးနဲ့ အိပ်ရတာ တစ်ပတ်ကျော်ကျော်လောက် ရှိပြီဖြစ်သည်။ အကုန်လုံးနဲ့ စုပြီး အိပ်ရတာတာထက် ကြီးကြီးနဲ့ အိပ်ရခြင်းက အဆပေါင်းများစွာလောက် သက်သာသည်။

ဖေဖေတို့ မေမေတို့ ကို အရမ်းလွမ်းလာလို့ ငိုချင်ရင် ကြီးကြီးကို ဖက်အိပ်လိုက်တယ်။
ကြီးကြီးကလည်း ပိုတိုးဖို့ ပွေ့ဖက်ပေးတယ်။ ဝဿန်အတွက်တော့ Cinderella ကားထဲက နတ်သမီးဖွားဖွားလိုပဲ။

အခု ကြီးကြီး ခါတိုင်းနဲ့ မတူပဲ ထူးဆန်းနေတာကြောင့် နည်းနည်း စိတ်ပူမိသွားတယ်။

"ကြီးကြီး ? ကြီးကြီးရေ ထပါအုံး .. ဘာဖြစ်လို့လဲဟင် ? "

လှုပ်နှိုးရင်း မတော်မဆ ကြီးကြီး အသားတွေကို ထိလိုက်တဲ့ အချိန်မှာ ပူကျစ်နေခဲ့တယ်။ ဝဿန်လေး တစ်ယောက်ထဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ နောက်ဆုံးတော့ တစ်ယောက်ယောက်ကို ပြောပြဖို့ လိုပြီလို့ ဆုံးဖြတ်လိုက်တော့တယ်။

"ကြီးကြီး မီးလေ အန်တီတို့ ဦးဦးတို့ကို သွားခေါ်ခဲ့မယ်။ မီးကို ခဏလေးစောင့်နော် "

ချက်ချင်းပဲ ခြင်ထောင်ထဲက ထွက်ကာ အခန်းတံခါးကို ဆွဲဖွင့်လိုက်မိတယ်။ မနက်ခင်းတွေ ညနေခင်းတွေနဲ့မတူတာပဲ လျှောက်လမ်းတစ်ခုလုံး မီးရောင် ပြပြလေးတွေက လွဲရင် ပတ်ဝန်းကျင်တစ်ခုလုံး နက်မှောင်နေတဲ့တယ်ပေါ့လေ။

နောက်တစ်ဆောင်ကို ကူးဖို့  လမ်းက ပုံမှန်ထက်ကို ရှည်လျားလွန်းနေတာကြောင့်
ဝဿန်လေး တံခါးနားမှာ ပဲ တွေဝေစွာရပ်နေခဲ့မိတယ်။ သို့ပေမဲ့လည်း ဆရာမကြီးကို လှည့်ကြည့်မိလိုက်တဲ့အချိန်မှာ သူအခုမလှုပ်ရှားရင် တစ်စုံတစ်ယောက်ကို ဆုံးရှုံးရတော့မယ် ဆိုတာ သိနေခဲ့တယ်။

Candy?Where stories live. Discover now