Chapter 15

566 34 3
                                    

Uni

"တိမ်ဝဿန် ငါနင့်ကို ချစ်တယ် "

ဝဿန့် မျက်နှာလေး မှာ ကိုက်ချင်စရာ ပန်းသီးရဲရဲတစ်လုံးလို။ ထို့ကြောင့် ဘရဏီ
မနေနိုင်စွာပဲ ပါးရဲရဲလေးကို ထွေးငုံလိုက်မိသည်။ ထိုအခါ ဝဿန်က မျက်မှောင်လေး စုကာ ဘရဏီ့လက်မောင်းအား ခပ်ဖွဖွ ရိုက်တော့သည်။

"ဟား ဘာလို့ကိုက်တာလဲလို့ ! သွားအရာကြီး ထင်ကုန်တော့မှာပဲ "

"ဒီလောက် အများကြီးပြောပြနေတာတောင် ဘာမှ ပြန်မပြောလို့ ကိုက်တာ "

ဝဿန့်မှာ ပါးလေးကိုသာ ဖွဖွပွတ်လျှက်။ ဆူပုတ်ပုတ်လေး ဖြစ်နေသည်။ ဤပုံစံလေးကိုပဲ ဘရဏီ့မှာ အသည်တယားယား။

"ဝဿန် ငါ့ကိုကြည့် "

ဝဿန် မရဲတရဲနှင့် မော့ကြည့်လာသည်။

"ငါ့ကို ချစ်တယ် မဟုတ်လား? "

"မချစ်ပါဘူး ဘယ်သူက ချစ်တယ်ပြောလို့လဲ "

"သကြားလုံးဝယ်ကျွေးမယ်လေနော်"

"အောင်မာ သကြားလုံးကျွေးပြီး ချစ်ခိုင်းရအောင် ဘရဏီ? ငါက ကလေးလား "

"ဟုတ်တယ် ငါ့မျက်လုံးထဲမှာတော့ ကလေးလေးပဲ။ သကြားလုံးကြိုက်တတ်တဲ့ ကလေးလေး။ ငါအတည်ပြောနေတာ ငါ့ကို ချစ်တယ်မဟုတ်လား? မညာပါနဲ့ ဝဿန် ရာ "

ဝဿန် ရှက်ပြုံးလေးနဲ့ အကြည့်လေးလွှဲလိုက်တော့သည်။ စက္ကန့်မျှ ကြာတော့…

"အဖြေလိုချင် စောင့် ဒါပဲ့ "

စူပုတ်ပုတ်လေး ပြောပြီး ဘရဏီ့ကို ကျောခိုင်းကာ အိမ်ထဲပြန်ဝင်သွားတော့သည်။ လက်ကလေး လှမ်းဆွဲဖို့တောင် သတိမရလိုက် ။ ဘရဏီ့ သွားလေးတွေမှာ ညှိထားတဲ့ စက်ကလေး မရှိတော့သည်ကို ဝဿန် မြင်မသွားပါ။

သူ ဝရန်တာကနေ ပြန်ထွက်ကြည့်မည် ဆိုတာကို အတပ်သိနေသည်။ ‌ထင်တဲ့အတိုင်းပါပဲ ဝရန်တာလေးကနေ လက်လှမ်းပြတာ မြင်တော့မှ ဘရဏီ ထိုလောင်းရိပ်မှ ထွက်ခွာသွားလိုက်တော့သည်။

……………………………

ဝဿန် တစ်ယောက် ဘာလုပ်လုပ် သီချင်းလေး တအေးအေး။ တစ်နေကုန်ပြုံးစိစိနှင့် လူနဲ့ စိတ်နဲ့မကပ်နေသလို။

Candy?Where stories live. Discover now