Chapter 1

1K 64 6
                                    

Uni

"ဘရဏီ! ဘရဏီ ရေ! "

"ဗျား!! "

"ထတော့လေ ! "

"ဟုတ်ဟုတ် ထပြီ အဖေ! "

မနက်တိုင်းအချိန်မှီ နိုးစက်‌လေးကို တော့
ဘရဏီ သဘောကျမိသား။ သွက်သွက်လက်လက်ပဲ ထပြီး ရေချိုးခန်းထဲဝင် ပြီး သွားတိုက်မျက်နှာသစ် ပြုတော့တယ်။

လက်မောင်းလောက်နီးပါး အရှည်ရှိတဲ့ ဆံသားတွေက တည့်တည့်ကြီး ဖြောင့်စင်းမနေသလို ‌ကွေးကောက်လည်းမနေပါ။ wave လိုင်းကြီးကြီးလေးနဲ့ အညိုမကျအမဲ မကျ ဆံပင်တွေက မျက်နှာပေါ် လာကျနေတာကြောင့် လက်တစ်ဖက် သွားတိုက်နေရင်း တစ်ဖက်နဲ့ လှန်သပ်မိလိုက်တယ်။

မျက်နှာသစ်နေရင်း ညက မက်တဲ့ အိပ်မက်ကြောင့် နှုတ်ဖျားကနေ နာမည်တိုးတိုးလေးကို ရွတ်ဆိုလိုက်မိတယ်။

"ဝဿန်ရယ် ဘယ်တွေများ ရောက်နေတာလဲ?"

မှန်ထဲမှာ ပေါ်နေတဲ့ မျက်နှာဟာ မိန်းမတစ်ယောက်နဲ့ မတူလောက်အောင် ခန့်ညားလွန်းတယ်။ နှာတံချွန်ချွန်လေး။ မျက်ခုံးထူထူ မျက်လုံးက‌အဝိုင်းမျိုးကိုမှ မှေးပြီးစင်းနေတာ။

ပါးနှစ်ဖက်မှာ ပေါက်နေတဲ့ ဝက်ခြံလေး‌တွေတော့ရှိပါရဲ့။ ဒါပေမဲ့လည်း ဘရဏီဟာ ဒီကမ္ဘမှာ သူအချောဆုံးလို့ မှတ်ယူထားသူတစ်ယောက်ပါ။ မျက်နှာသစ်ပြီးလို့ မှန်ကြည့်တိုင်း သွားညှိစက်ကြိုးသေးသေးလေတွေပေါ်အောင် box smile တွေပြုံးပြီး ကိုယ့်ကိုကိုယ် ကျေနပ်လေ့ရှိတယ်။

"ဟုတ်ပြီ ဒီနေ့လည်း ငါချောနေတုန်းပဲ "

အခန်းထဲပြန်ဝင် အဝတ်အစားလဲပြီးတာနဲ့ လွယ်အိတ်ဆွဲပြီး အောက်ထပ်ကို အမြန်ပြေးဆင်းပါတော့တယ်။

ဧည့်ခန်းမှာ ပြင်ထားတဲ့ ဝိုင်းပေါ်က ပေါင်မုန့်တစ်ချပ် ပါးစပ်ထဲ ထိုးထည့်ပြီး ထွက်တော့မယ် လုပ်တော့ အဖေဖြစ်သူက နားရွက်ကို လှမ်းဆွဲပြီး ပြန်ထိုင်ခိုင်းတာမို့

"အာ အား အဖေရယ် နာလိုက်တာ ။ နောက်ကျနေပြီးလို့ "

"မကျဘူးစား အဲ့ပန်းကန်ကုန်‌အောင် "

Candy?Where stories live. Discover now