Uni
"ဘရဏီ…အယ် ဘာဖြစ်လာတာ……"
"ဘာမှ မဖြစ်ဘူး "
အိမ်ပြန်လာတာနဲ့ အဖေကိုတောင် နှုတ်မဆက် စကားမပြောပဲ အပေါ်တန်းတက်သွားတာကြောင့် ဦးအည မှ မေးလိုက်မိသော်လည်း လျှို့ဝှက်ချက်သာ..။
တစ်ခုခု ဖြစ်လာမှန်းတော့ သိပေမဲ့ ဘာဖြစ်လာမှန်းမသိတာမို့ အဆိုးဘက်က ကြီး
မတွေးရဲပါ။ဘာပဲ ဖြစ်လာလာ ဖြေရှင်းနိုင်မှာပါလေ ဆိုပြီး သမီးဖြစ်သူအပေါ် ထားတဲ့ ယုံကြည်ချက်နဲ့ ကိုယ် လုပ်စရာရှိတာသာ ဆက်လုပ်နေလိုက်တော့သည်။ဘရဏီ ကတော့ အပေါ်ရောက်ရောက်ချင်း အခန်းထဲ ဝင်ပြီးတာနဲ့ တံခါးပိတ် အဝတ်အစားချွတ်ကာ ရေချိုးခန်းထဲ တန်းဝင်တော့သည်။ ရေ အပူနဲ့အအေး ပိုက်မှားဖွင့်မိတာကြောင့်
"မင်းမေ!… အ့ ပူလိုက်တာ "
အဲ့ဒီပိုက်ကို အမြန်ပြန်ပိတ် ရေအေးပိုက်ခေါင်းကို ပြန်ဖွင့်ကာ ရေပန်းအောက် ခေါင်းထိုးခံလိုက်တော့သည်။
ငါ ဘာတွေဖြစ်နေတာလဲ? ဘာလို့ အနေခက်သလိုခံစားနေရတာလဲ?
ငုံ့ထားတဲ့ ခေါင်းအောက်က မျက်နှာတစ်ခုဟာ ရေအေးနဲ့ ချိုးနေပေမဲ့လို နီရဲနေခဲ့တယ်။ ကိုယ်တိုင်တောင် မသိနိုင်တဲ့ မေးခွန်းပေါင်းများစွာကို မေးပြီးတဲ့အခါမှာ ဘရဏီ ရေချိုးတာ တော်တော်ကြာသွားပြီ ဆိုတာ သတိရလိုက်တယ်။
ရေသုတ် အဝတ်အစားတွေဘာတွေ လဲပြီးနောက်မှာပေါ့ မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်ပြီး တစ်ခါမှ မတွေးဖူးတဲ့ အတွေးတွေ ဝင်လာခဲ့မိတယ်။
ရေစိုနေတဲ့ ဆံပင်တွေကြားထဲက မျက်နှာသွယ်သွယ်ဟာ မိန်းမဆန်တာထက်ပို ခန့်ငြားနေခဲ့တယ်။ ကိုယ့်ကိုကိုယ် ရယ်ပြကြည့်တယ်။ သူပြောသလိုပဲ ခံစားမိရဲ့လားပေါ့။ ပေါ်လာတဲ့ သွားညှိစက်တွေကြောင့် စိတ်မသက်မသာ ဖြစ်သွားမိတယ်။ ပါးနှစ်ဖက်က ဝက်ခြံလေး အချို့ကို လက်ညှိုးလေးနဲ့ ပွတ်သတ်ကြည့်မိရင်း..
နေမင်း ကြီးတောင် သိမ်ငယ်သွားမယ်လို့ ပြောတာ နေမင်းကြီးက ရုပ်ဆိုးလို့လား?
YOU ARE READING
Candy?
Fantasy"သကြားလုံးမကြိုက်ပဲ ဘာလို့ သကြားလုံးစားနေတာလဲ " "တစ်စုံတစ်ယောက်ကို အလွမ်းဖြေဖို့ " "တော်တော်လွမ်းနေတယ်လား? " "အင်း တော်တော် လွမ်းတယ် " Friends to lovers ဇာတ်လမ်း လေးတစ်ပုဒ်ဖြစ်ပါတယ်။