(72. 1)
ဒါ့ဂါ မှာ မျက်ဆံ မရှိသလိုမျိုး ရွှေရောင် မျက်ဝန်း တွေသာရှိလေတယ်။ သူက ခုန်းကို စိုက်ကြည့်လိုက်တဲ့ အခါမှာတော့ ခုန်းရဲ့ သွေးတွေက အေးခဲ သွားသလို ခံစားလိုက်ရကာ တောင်ပံ ခတ်ဖို့တောင် မေ့လျော့သွားလေတယ်။
'' ပြန်ဆုတ်ကြ ''
ခုန်း က လေထဲမှာ ဖရိုဖရဲ ဖြစ်ကာ ပြုတ်ကျလုနီးပါး ဖြစ်သွားပြီးတော့ အက်ကွဲနေတဲ့ အသံနဲ့ အော်ကာ အဝေးကို ပျံသန်း သွားတော့တယ်။ ဒါပေမယ့် ဒါ့ဂါ ရဲ့ အရှိန်က သူ့ထက်တောင် ပိုလို့တောင် ပိုမြန်လေတယ်။
မြွေအမြီးက ခုန်းကို ချန်းရှီးလေး အား ပစ်ချ လိုက်တဲ့ ချောက်ကမ်းပါး ဆီကို ရောက်အောက် ရိုက်ပုတ်ချလိုက်တယ်။
ခုန်းက အချိန်အကြာကြီး မလှုပ်လာတာ ကြောင့် သူက သေပြီလား ရှင်နေသေးလား ဆိုတာ ကို မသိတော့ပါပေ။ချောင်ယွမ်မျိုးနွယ် က လင်းယုန်လူ တွေက အကုန်လုံး ပူးပေါင်းကာ ခုန်းနောက်လိုက်တဲ့ သူတွေကို ကြိမ်ကြိုးတွေနဲ့ တုပ်ကာ ချောက်ကမ်းပါးထိပ်က မလှုပ်ရှားတော့တဲ့ ကိုယ်ကြီးရဲ့ ဘေးကို ပစ်ချ လိုက်လေတယ်။
ဒါ့ဂါ က ချန်းရှီးလေး ကို ပင်လယ်မျိုးနွယ်စု စုန်းမ ဆီကို ကမ်းပေး လိုက်တယ်။
'' ဒါ့ဂါ့ မင်း စကားပြောနိုင်လား? ''
ပင်လယ်မျိုးနွယ်စု စုန်းမ က အဖြေပြန်မရ ပေမယ့်လည်း သူ့ရဲ့ ပုံစံပြောင်းမှုကြောင့် အတော်လေးကို တုန်လှုပ်နေ ပါသေးတယ်။
ဒါ့ဂါ က သူ့ရဲ့ ခေါင်းကို ခါပြလိုက်တယ်။
'' မင်း ငါပြောတာ ကိုတော့ နားလည်ပါတယ်နော် ဟုတ်တယ်မလား?''
ဒါ့ဂါ က ခေါင်းကို ငြိမ့်ပြ ပြီးတော့ ချန်းရှီးလေးကို မျိုးနွယ်စု စုန်းမ ရဲ့ ဘေးမှာ ထားပြီးတော့ လက်ထဲကို သေချာအပ်ခဲ့လေတယ်။
'' သူမကို ငါက ကယ်တင်စေ လိုတာလား မင်းက ''
ဒါ့ဂါက ခေါင်းငြိမ့်ပြတယ်။
'' ကောင်းပြီ၊ ကောင်းပြီ၊ ငါ သူမကို ကယ်ဆယ်လိုက်ပြီ ''
ပင်လယ်မျိုးနွယ်စု စုန်းမက ချန်းရှီးလေးကိုပွေ့ ယူကာ ပတ်လက်လှန်ပြီးတော့ နှလုံးခုန်သံကို နားထောင်လိုက်ပြီးတော့ သူမရဲ့ မျက်ခွံလေး ကို အသာဖြဲဖွင့် ကြည့်လိုက်တယ်။
YOU ARE READING
တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...