အပိုင်း (68. 1)

1.2K 146 1
                                    

(68. 1)

ကြာရှည်တဲ့ ဆောင်းရာသီ ပြီးသွားတဲ့ အခါမှာတော့ နွေဦးရာသီက ရောက်လို့ လာခဲ့ပါပြီ။ ပြီးတော့ ချန်းရှီးလေး က နေ့တိုင်း မြင်စောင်းထဲက ကြိုးလွတ်တဲ့ မြင်းရိုင်းပမာ နေ့တိုင်း ပြေးလွားနေခဲ့လေတယ်။

သူမက လေအလျင်နဲ့ ပြေးလွှား နိုင်ကာ မနက်စာ စားပြီးတာနဲ့ ချက်ချင်းပဲ အရိပ်ကို မမြင်ရတော့ပေ။

ချန်းရှီး က စကားကို ရှင်းလင်း သွက်လပ်စွာနဲ့ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့လေတယ်။ ကလေးတွေ အရွယ်တူ အများကြီး ရှိတဲ့ အထဲမှာမှ လန်အိမ်က အမျိုးသမီးလေး က ကျန်းမာရေး သိပ်မကောင်းပေမယ့် အလိုအလိုက်ခံ ရဆုံးဖြစ်လေတယ်။

ဟုန်ယွင်ရဲ့ အိမ်က သားရဲတစ်ဝက်လေး က စကားကို သွက်လပ်စွာ မပြောနိုင်သေးပေမယ့် သူက ချန်းရှီးရဲ့ နောက်လိုက်ငယ်လေး ဖြစ်လာခဲ့တယ်။ ချန်းရှီးက အသက်တူတဲ့ အမျိုးသမီး ငယ်လေးတွေနဲ့ ဆော့ရတာ သိပ်ပြီးတော့ အဆင်မပြေပေ။ 

သူမက သားရဲလူသား ပေါက်စနလေး တွေနဲ့ ဆော့ရတာ ပိုပြီးတော့ ကြိုက်နှစ်သက်လေတယ်။ နေ့တိုင်း သူမက ရွံလူးနေတဲ့ မျောက်တစ်ကောင်လို ပြန်လာလေ့ ရှိတယ်။

ချီဟန်က တစ်နေကုန်ပင်ပန်းလာကာ သူအိမ်ပြန်လာတဲ့ အချိန်မှာလဲ ချက်ရပြုတ်ရ လျော်ရဖွတ်ရနဲ့ ကောင်မလေးကို ရေမိုးချိူး ရပေးပြီးတော့ အိပ်ယာထဲလဲ ထည့်ရသေးတယ်။

နောက်ဆုံးတစ်နေ့မှာတော့ သူလုံးဝကို မခံစားနိုင်တော့ပေ။

နေ့တစ်နေ့ရဲ့ မနက်ခင်းမှာ သူက ချန်းရှီးကို ပွေ့လိုက်တဲ့အခါ သူ့ရဲ့ ခါးက အားမခံ နိုင်တော့ဘူးလို့ခံစား လိုက်ရတယ်။ သူက ချန်းရှီးလေး ကို ပြုတ်ကျ လုစေ နီးပါးပဲ။ သူက တုံ ကို ကြောက်လန့် တကြားနဲ့ မြန်မြန်လာဖို့ အော်ခေါ်လိုက်တယ်။

သူက အရမ်းကို ကြောက်လန့်သွားပြီးတော့ အတွေးဆိုးပေါင်း မျိုးစုံကို မတွေးပဲ မနေနိုင်တော့ပေ။

ဒီလိုခွန်အား မျိုး ဖြစ်သွားတာ ဆိုတော့ သူက ဘယ်လို ရောဂါမျိုး ဖြစ်သွားရတာလဲ?

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now