အပိုင်း (72. 2)

813 113 0
                                    

( 72 . 2)

ဟုန်ယွင်က တုံရှေ့က ကောင်ငယ်လေးကို ပွေ့ယူကာ ကလေးမလေး ကို ထားပေးလိုက်တယ်။ အခုမှ အဖေ အဖြစ် တကယ် ရာထူးတိုး သွားတဲ့ မျိုးနွယ်စုခေါင်းဆောင် က နောက်ကလေးကို လျှာနဲ့ လျက်ပြီးတော့ သန့်ရှင်း ပေးနေခဲ့လေတယ်။

ကလေးကို သန့်ရှင်းရေး လုပ်ပေး နေစဥ် အတွင်းမှာပဲ သူ့ရဲ့ မိတ်ဖက်ကို လှမ်းပြီးတော့ ချောင်းကြည့်လိုက်တယ်။

ချီဟန်က ပြေလျော့သွားပြီးတော့ ခါတိုင်းလိုပဲ မောပန်းသွားလေတယ်။ သူက ကလေး ငယ်နှစ်ယောက်ကို ကြည့်လိုက်လေတယ်။ သားတစ်ယောက်နဲ့ သမီးတစ်ယောက်လို့ သူက မှတ်ယူလို့ ရတယ်။ သူက အရမ်းကို ကံကောင်းတာပဲ။

သူက မျက်လုံး ကိုမှိတ်လိုက်ပြီးတော့ အိပ်ပျော်သွားတော့ လေတယ်။

'' ချီဟန် က ဘာဖြစ်တာလဲ? ဘာ ဖြစ်သွားတာလဲ? ''

ချီဟန် က မျက်လုံး မှိတ်သွားတာ ကို မြင်တော့ တုံ က ခုန်ထွက်လာကာ အမြန်ပဲ အနွေးကုတင် ဆီကို ပြေးလာခဲ့တယ်။

'' သူအဆင်ပြေ ပါတယ်။ မျိုးနွယ်စု စုန်းမက ပင်ပန်းသွားရုံလေးပါ။ သွားပြီးတော့ ကလေးကို လျက်ပြီး သန့်ရှင်းပေးချည်။ ငါတို့ သူမကို ထုတ်ပိုး ရတော့မယ် ''

အဒေါ်တုံးဟွားက သူ့ကို အမြန်ပဲ ဆုတ်ကိုင်လိုက်တယ်။

'' အို ''

တုံ က နာခံစွာနဲ့ ပြန်ထိုင်လိုက် ပြီးတော့ သားပေါက်လေးကို လျှာနဲ့ လျက်ကာ သန့်ရှင်းပေး နေခဲ့လေတယ်။

ချီဟန်က တစ်နေကုန် အိပ်ပျော်နေပြီးတော့ နောက်တစ်နေ့ နေ့လည်ခင်း ကျမှ နိုးလာခဲ့တယ်။ သားရဲလူသား တွေ အကုန်လုံး နီးပါး မရှိကြတော့ပေ။

ချန်းရှီးလေး က ကလေး နှစ်ယောက် ဘေးမှာ ထိုင်နေပြီးတော့ သူမရဲ့ လက်အသေးလေး ထဲမှာ နို့အသီးကို ကိုင်ထားကာ သားရဲလူသားငယ်လေး ကို တိုက်ကျွေး နေပြီးတော့ အမျိုးသမီး ငယ်လေး က အဒေါ် တုံးဟွားရဲ့ လက်ထဲမှာ ပဲ ဖြစ်လေတယ်။

ရွှေရောင် သားရဲလူသား က ချန်းရှီးရဲ့ ဘေးမှာ ရုပ်တု ကြီးလို ရပ်နေခဲ့တဲ့ အတွက်ကြောင့် ချီဟန် လန့်သွားခဲ့လေတယ်။ သူက အဲ့ သားရဲလူသား ကို တစ်ခါမှ မမြင်ဘူး ခဲ့ပေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Donde viven las historias. Descúbrelo ahora