အပိုင်း (70.1)

555 82 3
                                    

(70. 1)

ကျင်း က ခုန်း နောက်ကို လိုက်တာ နှစ်ပေါင်းများစွာ ကြာခဲ့ ပါတယ်။ သူက ခူန်း နဲ့ အတူ စိတ်ကြီးဝင် စွာနဲ့ လင်းယုန် မျိုးနွယ် ကနေ ကွဲထွက်လာပြီးတော့ တိုက်ကွန်းခ် တစ်ခွင် ပျံသန်းကာ ကျားဖြူ မျိုးနွယ်ထဲ ဝင်ပြီးတော့ သူ့ကို ခေါင်းဆောင် အဖြစ် ထောက်ပံ့ပေး ခဲ့တယ်။

ဒါပေမယ့် မြွေမဲ က သူ့ကို ခြိမ်းခြောက်ပြီးတော့ ထူးဆန်းတဲ့ ဆေးပင်ကို ကျွေးတဲ့ အချိန် တုံးက ခုန်းဟာ သူ့အတွက် စကားတစ်ခွန်း တောင်မှ ကူမပြောခဲ့ပေ။

ခုန်း က အရမ်းကို အန္တရာယ်များ တဲ့ သားရဲလူသား တစ်ယောက် ပါ။ အဲ့တာကို လူတိုင်းထက် သူ့ရဲ့ နှလုံးသား ထဲ ကနေ ပိုပြီး ကောင်းကောင်း ကြီးကို သိလေတယ်။ ခုန်း ရဲ့ ပါးစပ်က အမဲ ကနေ အဖြူ ဖြစ်အောင် ပြောနိုင်လေတယ်။ သူ့မှာ ဘာကိစ္စတွေပဲ ဖြစ်လာပါစေ ကိစ္စမရှိပေ။ သူက အကြောင်းပြချက် တွေ အများကြီး ပေးနိုင်လေတယ်။ အဓိက အချက်ကတော့ လူတိုင်းက အဆုံးမှာ သူပြောသမျှ က အကျိုး​ကြောင်း သင့်တယ် လို့ ခံစား ရတာပဲ။

အဲ့ဒါက အရမ်းကို ကြောက်ဖို့ ကောင်းပေမယ့် လက်ဆုပ်လက်ကိုင် မပြနိုင်ပါဘူး။

အဲ့ နှစ် က ခုန်းတစ်ယောက် လင်းယုန် မျိုးနွယ် က ထွက်တဲ့ အချိန်ကို ပြန်တွေးမိလေတော့ သူက သူ့ရဲ့ မိတ်ဖက်နဲ့ ကလေးတွေက သူ့အတွက် ဝန်ထုပ်ဝန်ပိုး တွေ ဖြစ်လာမယ်လို့ တွေးမိပြီးတော့ မျိုးနွယ်ထဲမှာ ပဲ ချန်ထား ခဲ့မိတယ်။ သူက ကျားဖြူမျိုးနွယ်ရဲ့ ခေါင်းဆောင် ဖြစ်လာတာ တောင်မှပဲ မိန်းမနဲ့ ကလေးတွေကို မခေါ်ခဲ့ပေ။ ဒါပေမယ့် နောက်ပိုင်း မှာတော့ သူက နှင်းခဲလို နေရာ ကနေ လျောကျ သွားတယ်။ သူ့ရဲ့ မိန်းမ နဲ့ ကလေးတွေ အကုန်လုံး ကလည်း အသက်ခံ လိုက်ရတယ်လေ။

ကျင်း တစ်ယောက် ခုန်းအကြောင်း ပြန်တွေးရင်း သူ့ရဲ့ ခံစားချက် တွေက ရောနှောနေလေတယ်။ သူက ခုန်းနဲ့ အတူ လင်းယုန် မျိုးနွယ် ကနေ ထွက်လာခဲ့ တုံးက အရမ်းကို ဂုဏ်ယူမှုတွေနဲ့ ပြည့်နေပြီးတော့ သူက ခုန်းနဲ့ အတူ တိုက်ကွန်းခ် တိုက်ကြီးမှာ အကြီးဆုံး မျိုးနွယ်ကို တည်ဆောက်လိုတာ ဖြစ်တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now