အပိုင်း (71. 1)

1.1K 129 2
                                    

(71. 1)

လီအန်း က အရှေ့ကို တိုးလာပြီးတော့ သူမလေးရဲ့ မျက်နှာကို သေချာ ကြည့်လိုက်ရလေတယ်။ သွင်ပြင်လက္ခဏာ တွေက မှန်နေပေမယ့် နှာခေါင်း ကတော့ ပုံမှန် ကလေးတွေထက် အနည်းငယ် ပိုမြင့်လေတယ်။ အတူဆုံး ကတော့ သူမရဲ့ မျက်ဝန်းတွေ ပါပဲ။ ပြုံးလိုက်ရင် လခြမ်းလေးလို ကွေးသွားတက်တဲ့ ရင်းနှီးနေပြီးသား မျက်လုံးတွေ ပါပဲ။

ကလေး က ကျားဖြူမျိုးနွယ်ရဲ့ ပထမ တန်းစား အလှလေး ဖင်းဆဲ့ နဲ့ တူနေပါတယ်။ လီအန်း က ကြောင်အ အံ့ဩ နေတဲ့ ဖင်းဆဲ့ ကို ကြည့်လိုက်တယ်။ သူမက မျိုးနွယ်စုထဲမှာ နိမ့်ပါးတဲ့ အခြေအနေ ရှိခဲ့ပြီးတော့ ဖင်းဆဲ့ ကိုယ်ဝန် ရှိလာတဲ့ အခါ ထိုကလေးက သူ့ကိုယ်ပိုင် ကလေးလား ဆိုတာကို ခုန်း က မသေချာတဲ့ အတွက်ကြောင့် ကလေးကို သတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

မမျှော်လင့်ထား ပါပဲနဲ့ ဖင်းဆဲ့ က စုဝေးပွဲမှာပဲ ကလေးမွေးလာခဲ့တယ်။ ခုန်း က မြွေမဲနဲ့ အတူ အမျိုးသမီး မျိုးနွယ်စု ဆီကို သွားရတာ ဖြစ်လို့ ဖင်းဆဲ့ က ခိုးထွက်လာလို့ ရသွားခဲ့တယ်။

သူမက ကလေးလေးကို ဘယ်သူ့ကို ပေးလိုက်ရမလဲ ဆိုတာ မသိပေ။

ဖြစ်နိုင်တာက ကလေး က အဲ့နေ့ကတည်း က ခေါ်သွားခံ ခဲ့ရတာလား?

လီအန်း က တုံ နဲ့ ချီဟန် တို့ကို ကြည့်လိုက်တော့ ကလေးနဲ့ လုံးဝကို မတူပါပေ။

ကလေးမလေးရဲ့ အပြုံးရိပ်သန်း နေတဲ့ မျက်လုံးက အတော်လေးကို ရှားပါးပြီးတော့ အဲ့တာကလည်း ဖင်းဆဲ့ နဲ့ တစ်ပုံစံထဲ တူနေခဲ့လေတယ်။

လီအန်းက ​ဉာဏ်ရှိပြီးတော့ တိတ်ဆိတ်တာ ရှားလေတယ်။ ခုန်းရဲ့ ဒေါသ က ပိုပြီးတော့ ထွက်လာကာ မသေချာ မရေရာ ဖြစ်လာခဲ့တယ်။

လီအန်း ကတော့ သူစိတ်ပျော်လာအောင် ဘာပြောရမလဲ ဆိုတာ မသိတော့ပေ ။ ဘေးနားက သားရဲလူသားတွေ ကလည်း ခုန်းကို သတိထားမိကြပေမယ့် ဘာစကား တစ်ခွန်းမှ မပြောလာကြပေ။ ဒီအချိန်မှာတော့ အချိန်က မတိုတော့ပေမယ့် သူတို့တွေက ခုန်းကို ဘယ်လို စိတ်ကျေနပ် စေရတော့ မလဲဆိုတာကို မသိတော့ပေ။

[Complete]တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now